မိသားစု စားဖို့မှီခိုနေရတဲ့ ကုန်စုံဆိုင်လေးကို ပိတ်လိုက်ရပြီလို့ စိတ်မကောင်းစွာ ရင်ဖွင့်လာတဲ့ လူရွှင်တော် ဝိုင်းချစ်

//s9.kh1.co/36/3682c48876217ae9141822c9982041332f626878.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ဟာသလူရွှင်တော်ကြီး ဝိုင်းချစ်ဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ တစ်ခေတ်တခါကတည်းက အနုပညာလမ်းမှာလျှောက်လှမ်းလာခဲ့တဲ သူတစ်ဦးပဲ ဖြစ်ပါတယ်။ အငြိမ့်စင်မြင့်ထက်မှာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ဟဒယရွှင်ဆေးတိုက်ကျွေးခဲ့သူပါ။ နောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေမှာပါ ဇာတ်ပို့သရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit - Wine Chit
Photo Credit - Wine Chit
Photo Credit - Wine Chit
Photo Credit - Wine Chit

လက်ရှိအချိန်လည်း အနုပညာအလုပ်တွေ လုပ်ကိုင်နေပေမယ့် ကိုဗစ်ရောဂါနဲ့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဝါသနာပါရာ အနုပညာအလုပ်တွေ မလုပ်ရတော့တာဖြစ်လို့ စားဝတ်နေရေးအတွက် ကုန်စုံဆိုင်လေးဖွင့်ရင်း မိသားစုလေးနဲ့ အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း ခက်ခဲလာတဲ့ အခြေအနေတွေကြောင့် သူတို့မိသားစုနေထိုင်ရာ အိမ်လေးကိုလည်း ရောင်းချနေတာ တွေ့ရပါတယ်။

Photo Credit - Wine Chit
Photo Credit - Wine Chit
Photo Credit - Wine Chit
Photo Credit - Wine Chit

ဒီကနေ့မှာတော့ ဝိုင်းချစ်က သူ့ရဲ့ လူမှုကွန်ယက်မှာ စိတ်မကောင်းစရာလေးတစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။ ဒါကတော့ မိသားစု စားဖို့ မှီခိုနေရတဲ့ သူတို့ရဲ့ ကုန်စုံဆိုင်လေးကို ယခုမှာ ပိတ်လိုက်ပြီလို့ ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ တစ်နေ့ကိုတစ်ထောင်ဖို့တောင် မရောင်းရတော့ကြောင့် သူ့ဆိုင်လေးကို ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝိုင်းချစ်တို့မိသားစု ကြုံတွေ့နေရတဲ့ အခြေအနေတွေကို များစွာ စိတ်မကောင်းဖြစ်ခဲ့ရပြီး အားပေးစကားဆိုခဲ့ကြတာ တွေ့ရပါတယ်။ Myanmarload ပရိသတ်တွေလည်း လူရွှင်တော်ကြီး ဝိုင်းချစ်ကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit - Wine Chit
Photo Credit - Wine Chit
https://s9.kh1.co/__image/w=600,h=303,q=100/95/95bb29c4087eabbd6e4871483fae8023cd29aa6b.jpg

သတင်း အရင်းအမြစ်Source - Wine Chit

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T