အားပါတဲ့ ကန်ချက်တွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ အောင်လအန်ဆန်ရဲ့ ဗီဒီယို

//s9.kh1.co/f1/f114e1b3c440b54e36cb2c8e1c342707f653f7bc.jpg
အားကစားသတင်းများ

 ၀၁-လိုင်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

မြန်မာ့ဂုဏ်ကိုဆောင်ထားတဲ့ MMAဖိုက်တာကစားသမား အောင်လအန်ဆန် က ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ အရင်ကအောင်ပွဲတွေကို ရယူနိုင်ခဲ့ပေမယ့် ကိုဗစ်ကူးစက်ခံရပြီးတဲ့နောက်ပိုင်းမှာ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဘယ်လိုရလဒ်မျိုးတွေနဲ့ပဲ ဖြစ်ပါစေ ပရိသတ်တွေကတော့ အမြဲတမ်းအားပေးနေတာဖြစ်ပါတယ်။

Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s

ချစ်တဲ့ ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လည်း အောင်လအန်ဆန်ဟာ နေ့စဥ်အမြဲ ကြိုးစားနေတာပါ။ မကြာခဏဆိုရင်လည်း ရှုံးဆုံးလိုက်ရတဲ့ ဆုတံဆိပ်တွေကို ပြန်လည်ရရှိအောင် ပြင်းပြတဲ့ခံစားမှုနဲ့ အားသွန်ခွန်စိုက် အပြင်းအထန်လေ့ကျင့်နေတဲ့ အခိုက်အတန့်တွေကို ချစ်တဲ့ပရိသတ်တွေအတွက် ဖော်ပြပေးတာ တွေ့ရပါတယ်။

Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s
Photo Credit - Aung La Nsang(Burmese Python)'s

ယခုမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် အောင်လအန်ဆန် က ရုပ်သံဖိုင်လေးတစ်ခု ဖော်ပြလာခဲ့ပါတယ်။ ဒါကတော့ ထုံစံအတိုင်း နည်းပြဆရာတွေနဲ့အတူ အပြင်းအထန်လေ့ကျင့် နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ သတိထားမိတာကတော့ အောင်လအန်ဆန်ဟာ အရင်ကထားခဲ့တဲ့ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးတွေ ရိတ်ထားတာ တွေ့ရပါတယ်။ အောင်ပွဲတွေရယူဖို့ ပြင်းပြတဲ့ ခံစားမှုနဲ့ အပြင်းအထန်လေ့ကျင့်ရေး လုပ်နေတဲ့ အောင်လအန်ဆန်ကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Video Source - Aung La Nsang(Burmese Python)'s

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T