ပါးတစ်ခြမ်းလေဖြန်းခဲ့ပြီးနောက် ပထမဆုံးအနေနဲ့ ပရိသတ်ရှေ့ ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ ဂျက်စတင်ဘီဘာ

//s9.kh1.co/cd/cdaae27858d2a3e98bcafd16b1bd5ed466f81ec4.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Ramsay Hunt လို့ ခေါ်တဲ့ ပါးတစ်ခြမ်းလေဖြန်းတဲ့ ရောဂါ ခံစားရပြီးနောက်မှာ......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လူငယ်အများစု ရဲ့ အကြိုက်နဲ့ထပ်တူကျစေနိုင်တဲ့ တေးသီချင်းတွေကို ဖန်တီးလေ့ရှိပြီး ခပ်မိုက်မိုက်သီချင်းတွေကို အဆက်မပြတ်ဆိုသလို ပရိသတ်အတွက် ဖန်တီးထုတ်လုပ်ပေးတဲ့ ကမ္ဘာကျော် လူငယ် အဆိုတော်တစ်ဦး လို့ ဆိုလာရင်တော့ အားလုံးက ချစ်ကြတဲ့ ဂျက်စတင်ဘီဘာ ကိုပဲ ဖော်ပြရမှာပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ဂျက်စတင်ဘီဘာ ဟာ သိပ်မကြာခင်က Ramsay Hunt လို့ခေါ်တဲ့ ပါးတစ်ခြမ်းလေဖြန်းတဲ့ ရောဂါကို ခံစားခဲ့ရပြီး သူစီစဥ်ထားတဲ့ ကမ္ဘာလှည့် ရှိုးပွဲတွေအားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။ ပွဲစဉ်တွေဖျက်သိမ်းခဲ့ရတဲ့အထိကို ဂျက်စတင်ဘီဘာ ရဲ့ မျက်နှာအနေအထားဟာ အတော်လေး ဆိုးရွားခဲ့တာကြောင့် ပရိသတ်တွေက သူ့ကို အတော်လေး စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သို့ပေမယ့် ယမန်နေ့ ဇွန်လ(၃၀)ရက်နေ့က ဂျက်စတင်ဘီဘာ ဟာ ဇနီးဖြစ်သူ ဟေလီဘီဘာ နဲ့အတူ ဘုရားကျောင်းတက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ သူ ပါးတစ်ခြမ်းလေဖြန်းတဲ့ဝေဒနာကို ခံစားရပြီးနောက် ပထမဆုံးအနေနဲ့ ပရိသတ်ရှေ့ပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မိန်းမလက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဂျက်စတင်ဘီဘာ ရဲ့ ပုံရိပ်ကိုမြင်ရတဲ့ ပရိသတ်အဖို့တော့ အတော်လေးစိတ်အေးခဲ့ရပါတယ်။ ဂျက်စတင်တစ်ယောက် အမြန်ဆုံးပြန်လည်ကျန်းမာလာပြီး အရင်လိုကဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T