မွမ်ဘိုင်း ရှိ ကျောင်းတစ်ကျောင်းရဲ့ ရေချိုးခန်းထဲသို့ တောတွင်းကျားသစ် ဝင်ရောက်လာခဲ့တဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/06/068cec464309e5fdadeea1254a875bc5e399be1c.jpg
နေ့စဉ်သတင်းများ

 ၃၀-ဇွန်-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

မွမ်ဘိုင်း ရှိ ကျောင်းတစ်ကျောင်း ရဲ့ ရေချိုးခန်းထဲအထိ ဝင်ရောက်လာပြီးနောက် လုံခြုံရေးများက....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တောတွင်း တိရစ္ဆာန်ဖြစ်တဲ့ ကျားသစ်တစ်ကောင်ဟာ အိန္ဒိယနိုင်ငံ ၊ မွမ်ဘိုင်းမြို့ရှိ ကျောင်းတစ်ကျောင်းရဲ့ ရေချိုးခန်းထဲ အထိသို့ ဝင်ရောက်လာခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားလာခဲ့တယ် လို့ သိရပါတယ်။

Photo  Credit From Original Uploader
Photo  Credit From Original Uploader

အဆိုပါကျားသစ် ဝင်ရောက်ခဲ့ပြီးနောက်မှာတာ့ နောက်ပိုင်းတွင် လုံခြုံရေးဝန်ထမ်းတွေက သက်ဆိုင်ရာများအား ခေါ်၍ အဆိုပါ ကျားသစ်ကို ကယ်တင်ခဲ့ပါတယ်။ ကျားသစ်ကြီး ကျောင်းတံခါးဝမှ ခုန်ဆင်းလာသည်ကို လုံခြုံရေးအစောင့်က တွေ့ရှိခဲ့ပြီး ​သစ်တောဌာနမှ တာဝန်ရှိသူများကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo  Credit From Original Uploader
Photo Credit From Original Uploader

မွမ်ဘိုင်းမြို့ရှိ Goregaon ရှိ စာသင်ကျောင်းတစ်ခုသို့ လမ်းလွဲဝင်လာတဲ့ ကျားသစ်တစ်ကောင်ကို သစ်တောဌာန၊ ရဲအရာရှိများနှင့် အခြားစေတနာ့ဝန်ထမ်းများက ဇွန်လ(၂၈)ရက်နေ့ ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ ကျောင်းရဲ့ ရေချိုးခန်းထဲတွင် ပိတ်မိနေတဲ့ ​ကျားသစ်ကြီးအား ကယ်တင်တဲ့ ဗီဒီယိုကို ပရိသတ်ကြီးခံစားနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။

Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T