Suzy ကိုအနမ်းပေးပြီးပြီးချင်း ခံတွင်းနံ့ နဲ့ပတ်သက်လို့ ဝေဖန်ခဲ့တာကြောင့်ပြောခံနေရတဲ့ Nam Joo Hyuk...

//s9.kh1.co/e1/e17893b6e32186dec2624d5c3bf33fde29114dbf.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

Video ထဲမှာ Suzy နဲ့ Nam Joo Hyuk တိုရဲ့ Kiss Scene ကို ရိုက်ကူးဖို အဆင်သင့်ဖြစ်နေတဲ့..

ကျောင်းတွင်း အနိုင်ကျင့်မှုစွပ်စွဲချက်များ ထွက်လာပြီးတဲ့နောက်၊ Nam Joo Hyuk ရဲ့အတိတ်လုပ်ရပ်များဟာ စိစစ်ခံ‌နေရပါတယ်။ Nam Joo Hyuk ရဲ့အတိတ်လုပ်ဆောင်ချက်တစ်ခုမှာ 'Start-Up' ဒရာမာရိုက်ကူးရေးအတွင်း Suzy ကိုပြောခဲ့တဲ့ စကားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e1/e12cdaaabfbc34454611595cfcaf3932b87b80c2.jpg

TvN ဒရာမာအတွက် 2020 ခုနှစ် ဒီဇင်ဘာလ 6 ရက်နေ့က Behind the scene ဗီဒီယိုကို တင်ခဲ့ပြီး Video ထဲမှာ Suzy နဲ့ Nam Joo Hyuk တိုရဲ့ Kiss Scene ကို ရိုက်ကူးဖို အဆင်သင့်ဖြစ်နေတဲ့ အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုးပေါ်မှ သရုပ်ဆောင်နှစ်ဦးကို မြင်တွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/20/20c0ab403c3daf9a95e5532e15b93ef16de0eef3.png

ပထမ တစ်ခါရိုက်ကူးပြီးနောက် Nam Joo Hyuk က Suzy ကို "နေ့လည်စာ ဘာစားခဲ့လဲ" လို မေးတာကို တွေ့ခဲ့ရပါတယ်။ Suzy က အနည်းငယ် ရှက်သွားပြီး “ငါခေါက်ဆွဲ စားဖူးလား ? ခေါက်ဆွဲနံ့ ရလား။ ဘာလိုအဲ့လိုမေးတာလဲ" လိုမေးပြီး ခဏလောက် နှုတ်ဆိတ်နေပြီးနောက် Nam Joo Hyuk က "ဒါက Samhap အနံ့လား?" လိုမေးပြီး Suzy က "Samhap စားခဲ့တာလား?" Nam Joo Hyuk က နည်းနည်း ရယ်ပြီး “မဟုတ်ပါဘူး" လိုဖြေခဲ့ပါတယ်။ Suzy က Nam Joo Hyuk ကို လက်မောင်းနဲ့ ပုတ်ပြီး "နမ်းပြီးပြီးချင်း ငါဘာစားလဲလို ဘာလို သိချင်ရတာလဲ။" လိုပြန်မေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/37/371d7a6e9ccdb07ba4358edf8c67dd274e01aa9d.jpg

Samhap ဆိုတာကတော့ ကင်ချီနဲ့ ဝက်ဗိုက်သားနဲ့ လုပ်ထားတဲ့ ငါးချဉ်စပ်ဟင်း တစ်မျိုးဖြစ်ပါတယ်။ Jeolla ပြည်နယ်ရဲ့ အထူးထုတ်ဖြစ်ပြီး သူ့ရဲ့အနံ့ဟာ ကင်ချီနဲ့ အချဉ်ဖောက်ထားတဲ့ ငါးကြောင့် စူးရှရှဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=301,q=100/16/165f614ff8cdd6f78ed7ba45330a2b300bd0a356.png

ဒါကြောင့် Nam Joo Hyuk ဟာ အနမ်းရိုက်ကွင်းပြီးနောက် Suzy ဟာ Samhap ကို စားခြင်းရှိမရှိမေးတာဟာ ရိုင်းစိုင်းတယ်လို အင်တာနက်အသုံးပြုသူအများအပြားက ထောက်ပြ‌နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/64/648cfee76987e5887b944c66e9caeb74907557a6.webp

ဒါ့အပြင် နာမည်ကြီး အတင်းအဖျင်း YouTube ချန်နယ် Sojang ရဲ့အဆိုအရ Nam Joo Hyuk ဟာ Samhap အနံ့ကဲ့သို Suzy ရဲ့မွေးရပ်မြေဖြစ်တဲ့ Jeolla ပြည်နယ်နဲ့ ပတ်သက်ပြီး နောက်ပြောင်ကာ ဟာသလုပ်နေတယ်လို အင်တာနက်အသုံးပြုသူအများအပြားက ပြောဆိုနေကြပါတယ်။

https://s9.kh1.co/__image/w=293,h=172,q=100/68/68a5a44681db38ba3cfc4f7be6e2c8be8b3c7acf.jpg

တကယ်တော့၊ Suzy အပေါ် Nam Joo Hyuk ရဲ့ ဟာသဟာ စည်းကျော်နေတယ်လို အွန်လိုင်း အသိုင်းအဝန်း ပိုစ်တွေမှာ မှတ်ချက်တွေ အများကြီးပေးနေကြပါတယ်။ အင်တာနက်အသုံးပြုသူအများအပြားက သူဟာ ဝန်ထမ်း‌တွေနဲ့ ကင်မရာရှေ့မှာ Suzy ကို ပြောင်ပြောင်တင်းတင်းနှင့် ရိုင်းရိုင်းစိုင်းစိုင်း အရှက်ရစေတယ် လို မှတ်ချက်ပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f5/f5d3495e437cda6a1bd084f062224a65c1442235.jpg

တော်တော်များများကတော့ Nam Joo Hyuk ကို စည်းမကျော်ဖိုနဲ့ ethic ရှိဖိုသတိပေးနေကြပြီး အခုလုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။

Photos-credit

သတင်း အရင်းအမြစ်Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T