ပိုက်ဆံအပို‌ဝင်ဖို့အတွက် ယောက်ျားကို တခြားမိန်းမတွေဆိ ငှားရမ်းခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/32/3202da6758a20059b5f4da612f45f91d25a7f43e.jpg
နေ့စဉ်သတင်းများ

 ၂၉-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဒီအမျိုးသမီးရဲ့စီးပွားရေးအမြင်က Next Level ပါပဲ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဇနီးသည်ဟာ လူနေမှုစရိတ်အကျပ်အတည်းကို တိုက်ဖျက်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲ့တာက‌တော့ သူမရဲ့ယောက်ျားကို တခြားသူတွေ ငှားနိုင်‌အောင် ပြုလုပ်ခဲ့တာပါပဲ။ လော်ရာယန်း ဟာ ယောက်ျားဖြစ်သူ ဂျိမ်းနဲ့ ကလေး ၃ ယောက်နဲ့အတူ ဘလက်ချယ်လီ မှာနေထိုင်ပါတယ်။ သူမဟာ ဒီအကြံကို ပရိဘောဂတွေကို တခြားသူတွေအတွက် ထုပ်ပိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဇာတ်လမ်းကို ကြားပြီ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ အဲ့လူရဲ့ဇာတ်လမ်းထဲက တူညီတဲ့ ရှထောင့်ကို ကြည့်လိုက်ပြီ သူမရဲ့ ချစ်ခင်ရတဲ့အမျိုးသားကို အလုပ်မှာ ငှားလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=495,q=100/ba/ba0b1192ee1c8482cc9055b69cd73e7bda754bac.webp
https://s9.kh1.co/__image/w=648,h=1013,q=100/0b/0bf6898120918b5f14b28e8d389b80fb2e6d3640.webp

ဂျိမ်းဟာ စိတ်ကြိုက်ကုတင်များ ဆောက်ခြင်း၊ မီးဖိုချောင်နှင့် အလှဆင်ခြင်း နှင့် ထမင်းစား စားပွဲကို အစမှအဆုံး ပြုလုပ်ခြင်းဖြင့် မိသားစုအိမ်ကို အသွင်ပြောင်း‌ပေး‌နေသူဖြစ်ပါတယ်။ သူဟာ ပန်းချီဆွဲခြင်း၊ အလှဆင်ခြင်း၊ ကြွေပြားခင်းခြင်းနှင့် ကော်ဇောခင်းခြင်းစတဲ့ အလုပ်တွေမှာ ကျွမ်းကျင်ပညာရှင်လည်းဖြစ်ပါတယ်။ သူမက " သူက အိမ်ရော ခြံထဲမှာပါ အကုန်ကျွမ်းကျင်သူတစ်ယောက်ပါ။ အဲ့တာကြောင့် ကျွန်မလည်း သူရဲ့ အရည်အချင်းတွေကို အသုံးချဖို့ တခြားသူတွေကို ဘာလို့မငှားရမှာလဲ " လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=420,h=275,q=100/b6/b63c5eff7e51b13c938e0fc17c8d2829e3a993d3.jpg

သူမရဲ့ 'Rent My Handy Husband' ဝဘ်ဆိုက်၊ Facebook နှင့် Nextdoor တွင် ကြော်ငြာများထည့်သွင်းခဲ့ပြီး လူတွေမတုံ့ပြန်မှာကို စိုးရိမ်ခဲ့မိပေမယ့် လူ‌များစွာ စိတ်ဝင်စားမှုကြောင့် သူမအံ့ဩခဲ့ရပါတယ်။ ဂျိမ်းအတွက်လည်း ဒီအလုပ်ဟာ အဆင်ပြေခဲ့ပါတယ်။ လော်ရာရဲ့ စီးပွားရေးကတော့ ‌နောက်တစ်ဆင့် မှာရှိနေပါတယ်။ " ကျွန်မ ယောက်ျားကို ငှားနိုင်ပါတယ် " ဆိုပြီး ဘယ်လိုများ တွေးမိနိုင်ခဲ့လဲကို သူမကလွဲပြီး ဘယ်သူမှ မသိမှာ အမှန်ပါပဲ။

https://s9.kh1.co/__image/w=615,h=458,q=100/54/54cf683340d4148ef1428a81e564d81c56fcad7a.jpg

သတင်း အရင်းအမြစ်Ladbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T