မေ့ပြီး ကားထဲထားခဲ့မိတာကြောင့် သေဆုံးသွားရတဲ့ ၃ နှစ်သားလေး

//s9.kh1.co/85/85be4855b08df86148b1c54388c78f23b7b0dcbe.jpg
နေ့စဉ်သတင်းများ

 ၂၉-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရာသီဥတုရဲ့ အပူချိန်က 96°F ‌လောက်ရှိခဲ့တာပါ....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပ

ပူပြင်းလှတဲ့ နေ့တစ်နေ့မှာ အဖွားဖြစ်သူက ၃ နှစ်သားလေးကို နာရီပေါင်းများစွာ ကားထဲမှာထားခဲ့တာ မေ့သွားတဲ့အတွက် သေဆုံးခဲ့ပါတယ်။ ဒီကလေးလေးရဲ့ နာမည်ကတော့ ကန်ဒရစ် အင်ဂရမ် ဂျူနီယာလို့သိရှိရပါတယ်။ ကလေးလေးက ကားနောက်ခုံမှာ ထိုင်နေခဲ့တာဖြစ်ပြီး နာရီပေါင်း ၂ နာရီနဲ့ ၄၅ မိနစ်ထိ ပူလှတဲ့ နေအောက်မှာ ရပ်ထားတဲ့ ကားထဲမှာ ရှိနေခဲ့တာပါ။ ကလေးကတော့လအသက်ရှုကြပ်ပြီး သေသွားခဲ့ရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=829,q=100/e3/e3969d5a223f780427e4739025d0b1e8d7cd40b9.webp

အဲ့ဒီနေ့ရဲ့ အမြင့်ဆုံးအပူချိန်မှာ 96°F ဖြစ်ပြီး အနိမ့်ဆုံးမှာ 90°F ရှိကြောင်း အမျိုးသားမိုးလေဝသဌာနမှ သိရှိခဲ့ရပါတယ်။ ကန်ဒရစ်ဟာ သူရဲ့အဖွားနဲ့ သူရဲ့ အစ်မ ၃ ‌ယောက်နဲ့အတူ ရှိနေခဲ့တာပါ။ မိသားစုဟာ ညနေ ၅နာရီခွဲမှာ အိမ်ပြန်လာခဲ့ပါတယ်။ ဦလေးဖြစ်သူ ဘာရန်က " အကုန်လုံးက အိမ်ထဲပြန်ရောက်ခဲ့ပြီး ကလေးလေးတော့ မပါခဲ့ပါဘူး။ အဖွားဖြစ်သူက အိပ်ခန်းထဲမှာရှိနေပြီး ကလေးတွေကတော့ မီးဖိုးချောင်းထဲ သွားစားတဲ့သူနဲ့ အပြင်မှာကစားနေခဲ့ကြပါတယ်။ " လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=620,h=635,q=100/b7/b758c15b407d64d3d4b2d65ccb9848be677abfad.webp

၃ နာရီနီးပါးကြာပြီ ၈နာရီ ၁၅မိနစ်မှ အဖွားဖြစ်သူက သူမြေးပျောက်နေတာကိုသိခဲ့ပါတယ်။ ကလေးတွေကိုမေးတော့လည်း ဘယ်သူမှမသိခဲ့ပါဘူး။ အဖွားကအဲ့တော့မှ ကန်ဒရစ်ရဲ့ ဦးလေးကို ခေါ်ပြီး သူနဲ့အတူရှိလာမေးတော့ ပထမတော့ငြင်းခဲ့ပါတယ်။ နောက်ကျမှ ကလေးကို ကားထဲမှာ ဦလေးဖြစ်သူက တွေ့ခဲ့ပါတယ်။ ကလေးကို ၉ နာရီမှာသေခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဦးလေးဖြစ်သူကတော့ သူတူလေးလို မဖြစ်ဖို့ ကလေးတွေကို သေချာဂရုစိုက်ပေးဖို့လမှာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=404,q=100/11/11ac0e48727c08e0acf3c211290510ed9904e281.webp

ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုဟာ တရားခွင်ရင်ဆိုင်ရ မရ မသိရှိရသေးပါဘူး။ ကန်ဒရစ်ဟာ ဒီနှစ်ထဲမှာ ကားထဲပိတ်မိပြီး ပူလွန်တဲ့ ရာသီဥတုကြောင့် သေရတဲ့ ၇ ယောက်မြောက်ကလေးဖြစ်ပါတယ်။ အရင်အပတ်ကလည်း ၅ နှစ်သာလေး ကားထဲမှာရှိတာကိုမေ့ပြီး ထားခဲ့တဲ့အမေကြောင့် ကလေး‌လေးတစ်‌ယောက် အပူချိန် 100°F အောက်မှာ သေခဲ့ရပါသေးတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/d8/d82128e33eda04c90c0da1f30ca1000eb938e748.jpg

သတင်း အရင်းအမြစ်Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T