ဒါဘီကောင်တီ အသင်းရဲ့ နည်းပြအဖြစ်လုပ်ကိုင်နေခဲ့တဲ့ ဝိန်းရွန်းနီ ဟာ လက်ရှိမှာ ဒါဘီကောင်တီ အသင်း မှ နှုတ်ထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေမယ့် သူ့ကို ခေါ်ယူချင်နေတာတွေအတော်များပြားနေတာမှ ရုပ်သံဌာနတွေကပါ ပါဝင်နေကြောင်းသိရပါတယ်။
ဝိန်းရွန်းနီ ကို ကလပ်အသင်းတချို့က ခေါ်ယူချင်နေကြတဲ့အပြင် ဗြိတိန်နာမည်ကျော် အားကစားရုပ်သံဌာနတွေဖြစ်တဲ့ Sky Sports ,BT Sport ,BBC နဲ့ ITV တို့ကပါ ရွန်းနီ ကို နာမည်ကြီး အားကစားရုပ်သံလိုင်းတွေမှာ ဘောလုံးပွဲအကြောင်း သုံးသပ်တင်ဆက်သူ အဖြစ် Pundit တာဝန်ပေးအပ်ဖို့အထိပါ အသည်းအသန်ခေါ်ယူနေကြတယ်လို့ သိရှိရပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်းနီဟာ ဘယ်အသင်းကိုဘယ်လိုကူးပြောင်းသွားမှာလဲ၊။ ဒါမှမဟုတ် ဘောလုံးပွဲအကြောင်းသုံးသပ်တင်ဆက်သူအဖြစ်ပဲ ဆက်လက်လုပ်ကိုင်သွားမလားဆိုတာ အရမ်း စိတ်ဝင်စားနေကြပြီပဲဖြစ်ပါတယ်။