Son Ye-jin က သူကိုယ်ဝန်ရှိတဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာဘာကြောင့်ဖြစ်နိုင်လဲ..

//s9.kh1.co/7b/7b74d0227f73887846fa250dc3773aa31e29e89c.jpg
အနုပညာရှင်များ

 ၂၉-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

သူ့အကြောင်းအတင်း ပြောတာတွေကို တားဆီးဖို့အတွက် မလွှဲမရှောင်သာ ရွေးချယ်မှုဖြစ်တာလားဆိုတာ..

လွန်ခဲ့တဲ့ 2 ရက်လောက်က ဆိုရှယ်မီဒီယာမှာ ရေးပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ Binjin Couple မှာ ကလေးလေး ရတော့မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဒါပေမယ့် Son Ye-jin  ဟာသူမ ကိုယ်ဝန်ရနေပြီဆိုတဲ့သတင်းကို ဝမ်းသာအားရ ပြောပြတာလား ဒါမှမဟုတ် သူ့အကြောင်းအတင်း ပြောတာတွေကို တားဆီးဖို့အတွက် မလွှဲမရှောင်သာ ရွေးချယ်မှုဖြစ်တာလားဆိုတာကို မသိရပါဘူး။

https://s9.kh1.co/__image/w=620,h=415,q=100/a7/a754fd4b596797519cecddc7d85db5435d16ac6b.webp

Son Ye-jin ဟာ ဇွန်လ 27 ရက်နေ့က သူမရဲ့ ကိုယ်ဝန်သတင်းကို Instagram မှာ "ကျမတို့ဆီ ဘဝအသစ်လေးရောက်လာပြီ" ဆိုပြီး ကြေငြာခဲ့ပါတယ်။ သူမက “ကျွန်မ တကယ်ကို ကျေးဇူးတင်မိပေမယ့် သတိထားပြီးတော့ ကျွန်မပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ မပြောရသေးပါဘူး။ ဒီသတင်းကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေနဲ့ ကျမပတ်ဝန်းကျင်က လူတွေဆီကို ချက်ချင်းသတင်းပေးချင်ပါတယ်။” လို့ပြောခဲ့ပြီး Son Ye-jin ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ သတင်းတွေကို အများပြည်သူဆီ ဦးစွာဖော်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=451,q=100/cf/cf979c42fa344e7bd0b13205ad24361b579de7e9.jpeg

Son Ye-jin ဟာ အင်တာနက်သုံးစွဲသူတွေရဲ့  ထင်မြင်ချက်တွေကို အလွန်အကျွံ ခံစားခဲ့ရကတည်းက သတိထားနေပုံရပါတယ်။ မေလတုန်းကလည်း Son Ye-jin ဟာ အဖြူရောင်ဝတ်စုံဝတ်ထားရင်း အပန်းဖြေလမ်းလျှောက်နေတဲ့ ဓာတ်ပုံတစ်ပုံကို SNS အကောင့်မှာ တင်ခဲ့ပါတယ်။ ဓါတ်ပုံတင်ပြီး မကြာခင်မှာပဲ သူမရဲ့ ဗိုက်သားဟာ လုံးဝိုင်းပြီး ကြီးလာတယ်ဆိုပြီး အင်တာနက်သုံးစွဲသူအချို့က သံသယရှိနေကြပါတယ်။ အဲ့ဒီမှတ်ချက်တွေဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီး Son Ye-jin က အဲ့ဒီကောလာဟလတွေကို “အမှန်မဟုတ်” ကြောင်း အတည်ပြုခဲ့ပါတယ်။

https://s9.kh1.co/__image/w=614,h=765,q=100/72/725a6d57741d145cd6ee711ee25fccd43be47312.webp

နာမည်ကြီးသူတွေအပေါ် ချစ်ခြင်းမေတ္တာနှင့် စိတ်ဝင်စားမှုတွေကြောင့် အင်တာနက်သုံးစွဲသူများဟာ အတင်းအဖျင်းလွန်ကဲစွာပြောဆိုကြပြီး ကိုယ်ရေးကိုယ်တာ ပြဿနာများနဲ့ စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ သူတို့ရဲ့ကိုယ်ရေး ကိုယ်တာအကြောင်းတွေကို လျှို့ဝှက်ထားချင်ကြတဲ့ ကြယ်ပွင့်တွေနဲ့မတူဘဲ Son Ye-jin ဟာ ပရိသတ်တွေနဲ့ လူအများနဲ့ မကြာခဏဆိုသလို ဆက်သွယ်ပြောဆိုလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=623,h=861,q=100/29/2980896fbcd343156321b9ccf907848d9edcab86.png

ပြီးတော့လည်း Son Ye-jin ဟာ သူမရဲ့ အချစ်ရေးနဲ့  အိမ်ထောင်ရေးကို စောစီးစွာ ကြေငြာခြင်းဖြင့် လူအများရဲ့ သိချင်စိတ်ကို အမြန်ဖြေရှင်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/27/276bfb5daed7a05f23b247e061765379debcfa7f.webp

သူမရဲ့ မင်္ဂလာပွဲကို လုံခြုံရေးတင်းကျပ်စွာ သီးသန့်ကျင်းပခဲ့ပေမယ့် ပရိသတ်တွေရဲ့စိတ်ပျက်မှုကို သက်သာစေဖို့အတွက် သူ့ရဲ့အေဂျင်စီရဲ့ ချန်နယ်ကနေတစ်ဆင့် မင်္ဂလာဓာတ်ပုံတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ Son Ye-jin ဟာ အမြဲတမ်း လူသိရှင်ကြား အသိပေးသင့်တယ်လို့ ထင်တာမှန်သမျှ အသိပေးခဲ့ပေမယ့် လူအများက သူမရဲ့ ကိုယ်ပိုင်ဘဝကို ဆက်လက်စွက်ဖက်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/a7/a797a5b39c2545df84240d18a4e4e64f71e8ba97.jpg

ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်းဖြစ်နေပါစေ သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို အတင်းအကြပ် တူးဆွတာကို ဘယ်သူမှ မလိုလားပါဘူး။ ကြယ်ပွင့်များအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနှင့် ချစ်ခြင်းမေတ္တာကို တားဆီး၍မရနိုင်ပေမယ့်လည်း ပရိသတ်များနဲ့ အင်တာနက်အသုံးပြုသူများဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဖန်တီးခြင်းနဲ့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေမှာ အလွန်အကျွံဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ကြဉ်ဖို့တော့ လိုအပ်ပါတယ်။

Photos_credit

သတင်း အရင်းအမြစ်KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T