ပထမဆုံး ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ Son Ye Jin

//s9.kh1.co/1a/1ab12b6f3bbed900f6722d73ce471d701d9a6151.jpg
အနုပညာရှင်များ

 ၂၇-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

မကြာခင်မှာ ဖေဖေနဲ့ မေမေ ဖြစ်တော့မယ် ?? အဖေနဲ့အမေ ဒီလောက်ချောတာ..ကလေးကတော့ အတော်ချောမှာပဲ??

ကိုရီးယားရဲ့ Top Star စုံတွဲဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တိုဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ စုံတွဲလေးလဲ ဖြစ်ပါတယ်။ သူတို နှစ်ယောက်ဟာ မတ်လ (၃၁) ရက်က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

Photo Credit : Google 
Photo Credit : Google 

သူတို့မင်္ဂလာဆောင်တဲ့ သတင်းက နိုင်ငံတကာမှာ Hot ဖြစ်နေသလို ဟန်းနီးမွန်းထွက်တဲ့ အချိန်ထိကို ပရိသတ်တွေကြားမှာ ပြောလိုမဆုံးကြသေးပါဘူး။ ကြင်စဦးဇနီးမောင်နှံက အရမ်း လျှိဝှက်ထားတာကြောင့် သူတို့ရဲ့ဓာတ်ပုံတွေထွက်လာရင် SNS ရဲ့ သတင်းမှာ သတင်းခေါင်းစဉ် တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

Photo Credit : Google 
Photo Credit : Google 

ဒီနေ့ ဇွန်လ 27 ရက်နေ့မှာ Son Ye Jin က စိတ်လှုပ်ရှားဖွယ်ရာ သတင်းကို Instagram မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

Son Ye Jin က

“ အားလုံးနေကောင်းနေကြလား ?

ကျွန်မနေကောင်းပါတယ်။ ဒီနေ့တော့ ဝမ်းသာစရာ သတင်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ကျွန်မတို့အတွက် ဘဝသစ်ရောက်လာပြီ..စိုးရိမ်စိတ်တွေ နဲ့ နေ့တိုင်း ကျွန်မရဲ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေကို ခံစားရတယ် ~

Photo Credit : Google 
Photo Credit : Google 

ကျေးဇူးတင်ပါတယ်။ ကျွန်မ ခံစားရတာ သိပ်မသေချာတဲ့အတွက် ကျွန်မရဲ့ပတ်ဝန်းကျင်ကို ဘယ်သူ့ကိုမှ မပြောရသေးဘူး။

မကြာမှီ ဒီသတင်းကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေနဲ့ အသိမိတ်ဆွေတွေကို မျှဝေပေးချင်ပါတယ်။

ကျွန်မတို့ ဘဝထဲကို ရောက် လာ တဲ့ အဖိုးတန် အသက် ကို သေချာ ပေါက် ကာကွယ် ပေးမှာပါ~

အားလုံးပဲ ဘဝမှာ တန်ဖိုးရှိတဲ့ အရာတွေကို ကာကွယ်ပြီး ကျန်းမာစွာနေထိုင်နိုင်မယ်လို မျှော်လင့်ပါတယ်..

♥️ ပျော်ရွှင်ပါစေ။” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=953,q=100/9b/9b49039ad6e6d4066898105135d3f960af286029.jpg

Congratulations ပါ Binjin အတွဲလေးရေ... အဖေနဲ့အမေ ဒီလောက်ချောတာ..ကလေးကတော့ အတော်ချောမှာပဲ... 

Photo Credit : Google 
Photo Credit : Google 

Source : Son Ye Jin's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T