ပထမဦးဆုံး ရင်သွေးလေးကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အသိပေးလာတဲ့ အာလီယား နဲ့ ရန်ဘီးကပူး

//s9.kh1.co/26/2676ef503ee8c3e317c5baac0ed279dd931e8f6f.jpg
အနုပညာရှင်များ

 ၂၇-ဇွန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ပထမဦးဆုံး ရင်သွေးလေးကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အသိပေးလာတဲ့ အာလီယား နဲ့ ရန်ဘီးကပူး

ဘောလိဝုဒ်နာမည်ကျော် သရုပ်ဆောင် အာလီယားနဲ့ရန်ဘီးကပူးတို့ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ မင်္ဂလာဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် သူတို့နှစ်ဦးက ပထမဦးဆုံး ရင်သွေးလေးကို ရရှိပိုင်ဆိုင်ထားပြီလို့ သိရပါတယ်။ အာလီယားက ဟောလိဝုဒ်ဇာတ်ကား ရိုက်ကူးဖို့အတွက် လန်ဒန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Google
Google

အာလီယားဟာဆိုရင် သူမကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်းကို ဒီကနေ့ တနင်္လာနေ့က ဆေးရုံမှာ စစ်ဆေးမှု ပြုလုပ်နေတဲ့ ဓာတ်ပုံလေးနဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တဆင့် ဝေမျှပေးလာတာဖြစ်ပါတယ်။ ဓာတ်ပုံလေးရဲ့ Caption လေးထဲမှာ “ငါတို့ရဲ့ကလေးလေး.. မကြာခင်ရောက်လာတော့မယ်” ဆိုတဲ့ စာသားလေး ရေးထားပါတယ်။အာလီးယားရဲ့ ကိုယ်ဝန်ကတော့ ၃ လရှိနေပြီပဲဖြစ်ပါတယ်။

Google
Google

နာမည်ကြီး ဘောလိဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ အာလီးယား နဲ့ ရန်ဘီးကပူးတို့က ဧပြီလ ၁၄ ရက်နေ့မှာ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့အတူ ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲကြီးကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးက လက်မထပ်ခင်မှာလည်း သက်တမ်းရှည်ကြာစွာ တွဲလာခဲ့ကြတဲ့ စုံတွဲဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ကမ္ဘာတစ်ဝှမ်းက သတင်းဌာနတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ပြန့်စွာ ဖော်ပြပေးခဲ့ပါတယ်။

Google
Google
Google
Google
Google
Google

လက်ရှိမှာဆိုရင် အာလီးယားက ရန်ဘီးကပူးနဲ့အတူ Brahmastra ဆိုတဲ့ ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Brahmastra ဇာတ်လမ်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T