လူသတ်မှုနဲ့ တရားစွဲခံလိုက်ရပြီဖြစ်တဲ့ ဂန္တဝင်ဘောလုံးကစားသမားကြီး မာရာဒိုနာ ရဲ့ ဆရာဝန် နဲ့ သူနာပြု (၈)ဦး

//s9.kh1.co/f8/f8641f7123da1259410af0982f12d3144bffc56f.jpeg
အားကစားသတင်းများ

 ၂၄-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

မာရာဒိုနာ သေဆုံးတာဟာ ဒီဆရာဝန် နဲ့ သူနာပြုတွေရဲ့ လက်ချက်ကြောင့်လို့............ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အာဂျင်တီးနား ဂန္တဝင်ဘောလုံးကစားသမားကြီး မာရာဒိုနာ ကို ဆေးကုသပေးခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြု (၈) ဦး နဲ့အတူ စိတ်ရောဂါ အထူးကု ဆရာဝန်တစ်ဦး တို့ဟာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပြီဖြစ်တယ်လို့ သိရပါတယ်။ (၁၉၈၆) ခုနှစ် က အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့တဲ့ မာရာဒိုနာ ဟာ အသက်(၆၀)အရွယ် (၂၀၂၀) ခုနှစ် နိုဝင်ဘာလ က ကွယ်လွန်သွားခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

မာရာဒိုနာ ဟာ ကွယ်မလွန်ခင်က ဦးနှောက်သွေးခဲမှုအတွက် ခွဲစိတ်မှုခံယူခဲ့ပေမယ့် နှလုံးရောဂါဖောက်လာတဲ့အတွက်ကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ နှစ်နှစ်ကြာသွားခဲ့ပြီးမှ မာရာဒိုနာ ကို ဆေးကုသပေးခဲ့တဲ့ ဆရာဝန် နဲ့ သူနာပြု (၈)ဦး ၊ စိတ်ရောဂါကုဆရာဝန်တစ်ဦး တို့ဟာ လတ်တလောမှာ လူသတ်မှု နဲ့ တရားစွဲခံထိထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ဘာကြောင့်တရားစွဲခံရသလဲဆိုရင်တော့ မာရာဒိုနာ ရဲ့ သေဆုံးမှု ဟာ သူ့ကို ပေါ့ဆစွာ ဆေးကုသပေးခဲ့ပြီး ဂရုမစိုက်တဲ့သူတွေကြောင့်ဖြစ်တယ်လို့ အာဂျင်တီးနားအစိုးရရှေ့နေတွေက ပြောပြလာလို့ပဲဖြစ်ပါတယ်။ မာရာဒိုနာ သေဆုံးရခြင်းဟာ ရည်ရွယ်ချက်ရှိရှိကို သေဆုံးအောင်ပြုလုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း ၎င်း ရှေ့နေတွေကပြောကြားခဲ့ပြီး ဒီစွဲချက်ကြောင့် ထောင်ဒဏ် အနည်းဆုံး (၈)နှစ်မှ (၂၅)နှစ်အထိ ကျခံရနိုင်တယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T