Tik Tok ပေါ်မှာ Follower အများဆုံးပိုင်ဆိုင်ထားသူဖြစ်လာတဲ့ Khaby Lame

//s9.kh1.co/50/506db3db422bd5d489e419695e037146fb1f08ac.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ချက်ချင်း Follower တိုးလာချက်ကြီးကကြောက်စရာတောင်ကောင်းပါတယ်

Tik Tok သုံးကြသူတွေဆို ပရိသတ်အများကြီးကိုပိုင်ဆိုင်ထားပြီး အရမ်းနာမည်ကြီးတဲ့ Khaby Lame ကြီးကိုသိကြမှာပါ။Tik Tok Duet နဲ့တခြားအသုံးပြုသူတွေရဲ့ အသုံးမဝင်တဲ့ ဟာသဆန်ဆန် Life Hack တွေကို စကားတစ်ခွန်းမှမပြောပဲနဲ့ Reaction လုပ်ကာ တဖြည်းဖြည်းနာမည်ကြီးလာသူဖြစ်ပါတယ်။ပြောရမယ်ဆို သူ့ Tik Tok Video တွေကသူများတွေကို ဟာသဆန်ဆန်လိုက်ရွဲ့နေတာမျိုးပါ။လက်ရှိချိန်ထိလည်း အဲ့လိုမျိုး Video တွေနဲ့ စကားတစ်ခွန်းမှမပြောတဲ့ အသံတိတ်ဟာသတွေကို ဆက်တိုက်တင်နေသူလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cc/ccaee0c674c954c8c4daf5ea885facef7129e98e.png

Lame ဟာပြီးခဲ့တဲ့နှစ်ကမှ Tik Tok ပေါ်မှာအကြီးအကျယ်အောင်မြင်လာပြီး Follower တွေသန်းနဲ့ချီပြီးရရှိလာသူပါ။သူ့အောင်မြင်မှုတွေဟာ ရပ်တန့်နေတာမျိုးမရှိပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်တိုက်ထိုးတက်နေတာကြောင့် ခုဆိုသူဟာ တစ်ကမ္ဘာလုံးမှာ Follower အများဆုံးပိုင်ဆိုင်ထားတဲ့ TikToker ဖြစ်သွားပါပြီ။ဒီပမာဏဟာ အမေရိကန် TikToker တစ်ဦးဖြစ်တဲ့ Charli D’Amelio ကိုကျော်တက်ပြီးရရှိလာတာဖြစ်ပါတယ်။

အရင် Follower အများဆုံးပိုင်ဆိုင်ထားတဲ့ Charlie D'Amelio
အရင် Follower အများဆုံးပိုင်ဆိုင်ထားတဲ့ Charlie D'Amelio

Charli ရဲ့ Follower ဟာ ၁၄၂.၃ သန်းထိရှိပြီး Lame က ၁၄၃ သန်းနဲ့ကျော်တက်သွားတာပါ။Charli ကလည်းခေသူမဟုတ်ပဲ Tik Tok လို့ပြောလိုက်တာနဲ့ လူတော်တော်များများသိတဲ့ Tik Tok မျက်နှာဖုံးဖြစ်ပြီး သူ့ညီမ Dixie နဲ့အတူတူ အက Video တွေတင်ရင်းတခြားသူတွေကိုပါ အဲ့အတိုင်းလိုက်ကအောင် လှုံဆော်နိုင်ကြသူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=540,h=400,q=100/48/481d37dd5acde1528a357b60e7cb16f3baf5f06f.png

ဂျွန်လ ၂၃ ရက်နေ့တုန်းက Lame ရဲ့ Follower က ၁၄၂.၇ သန်းပဲရှိသေးပြီး ၂၄ နာရီအတွင်း နောက်ထပ် Follower အများကြီးထပ်တက်လာကာ ၁၄၃ သန်းပြည့်သွားတာဖြစ်ပါတယ်။Follower ပြည့်တဲ့ပမာဏကြီးကတော်တော်ကိုကြောက်စရာကောင်းပါတယ်။Tik Tok ရဲ့အကောင့်ကတောင်မှ Follower သန်း ၆၀ လောက်ပဲရှိပါတယ်။Lame ရဲ့ကျော်ကြားမှုနဲ့ ဂုဏ်သတင်းတွေကတော့ လုံးဝကိုအံ့ဩစရာပါပဲ။

သတင်း အရင်းအမြစ်Khaby Lame's Tik Tok

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T