ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် မက်ဆီ ရဲ့ မွေးနေ့မှာ သူ့ရဲ့ ဆိုက်တွဲကို အခမဲ့စီးခွင့်ပေးတဲ့ အမျိုးသား

//s9.kh1.co/ff/ffda8964534cd12011e3090b4675f4890d18c593.gif
အားကစားသတင်းများ

 ၂၄-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာတော့ လီယွန်နယ် မက်ဆီရဲ့ အသက် ၃၅ နှစ်ပြည့် မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့ပြီ ။ တစ်ကမ္ဘာလုံးက အမာခံပရိသတ်တွေကတော့ မက်ဆီ ရဲ့ မွေးနေ့အတွက် ဂုဏ်ပြုဆုတောင်းပေးကြသလို အချို့ဆိုရင် သူ့အတွက်ရည်ရွယ်ပြီး မွေးနေ့ပွဲတွေတောင်ပြုလုပ်ပေးကြပါတယ်။ မက်ဆီ ရဲ့ မွေးနေ့ ဂုဏ်ပြုတဲ့ ပရိသတ်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုက်တွဲဆရာကြီးလည်း ပါဝင်ပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

ဆိုက်တွဲဆရာကြီး အဘူတဟာ လီယွန်နယ် မက်ဆီရဲ့မွေးနေ့မှာ ဂုဏ်ပြုတဲ့ အနေနဲ့ အာဂျင်တီးနား နှင့် မက်ဆီပရိတ်သတ်မှန်သမျှကို အခမဲ့ စီးနင်းခွင့်ပေးနေတာ ဖြစ်ပါတယ်။ အဘူတဟာ တစ်နေ့လုပ်မှ တစ်နေ့စားဖြစ်ပြီး ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပေမယ့် မက်ဆီနှင့်အာဂျင်တီးနားအသင်း‌အပေါ် ချစ်ခြင်းမေတ္တာတွေကို သူ့ရဲ့ ခက်ခဲတဲ့ဘဝအခြေအနေက တားဆီးလို့ မရနိုင်ခဲ့ပါဘူး ။

Photo Credit - Penaldo Penaldy
Photo Credit - Penaldo Penaldy

မက်ဆီရဲ့မွေးနေ့မှာ လက်လုပ်လက်စား ဆိုက်တွဲသမားတစ်ဦးရဲ့ ယခုလို လေးစားစရာ လုပ်ရက်လေးကြောင့် သတင်းဗီဒီယာ များကလည်း အရေးတယူ ဖော်ပြပေးကြပါတယ်။ ဆိုက်တွဲဆရာကြီးရဲ့ အင်တာဗျူတစ်ခုမှာတော့ " ကျွန်တော့် ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုက မက်ဆီကစားတာကို အပြင်မှာမြင်ဖူးချင်ပါတယ်....ကျွန်တော့်မှာသာပိုင်ဆိုင်များရှိခဲ့ရင် မက်ဆီကိုတစ်ကြိမ်လောက်ဖြစ်ဖြစ် တွေ့ခွင့်ရဖို့ ကြိုးစားမှာ ဒါပေမယ့် အခုအခြေအနေက ကျွန်တော်မှာ ဘာမှမတတ်နိုင်ဘူးဆိုတော့ဗျာ... မက်ဆီကို ကမ္ဘာ့ဖလားရစေချင်ပါတယ် "လို့  ပြေကြားခဲ့ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ မက်ဆီရဲ့ မွေးနေ့မှာ ပရိသတ်တွေက အမှတ်တရ ဂုဏ်ပြုခဲ့တာများရှိရင် ပြောပြပေးခဲ့ပါဦး.....။

Photo Credit - From Google 
Photo Credit - From Google 

သတင်း အရင်းအမြစ်Source - Penaldo Penaldy

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T