ကောလဟာလတွေထွက်နေတဲ့ ဓားထိုးခံရတဲ့သူက သူမဟုတ်ကြောင်း သက်သေပြလိုက်တဲ့ မင်းသမီး Choi Ji Woo

https://s9.kh1.co/11/111b6733148aa66ef42f9f525d3a6e86e2832f18.jpg
အနုပညာရှင်များ
 23-Jun-2022 8pm · 10 days ago

Choi Ji Woo မှာ ရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ခင်ပွန်းနဲ့လည်း အဆင်မပြေဘူးလို့ ကောလဟာလတွေ ထွက်ခဲ့ဖူးတာကြောင့် .....

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီး Choi Ji Woo က ရုပ်ရည်ချောမောပြီး လှပတဲ့အပြင် မြန်မာပရိသတ်တွေ အားပေးချစ်ခင်ရတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမက အချစ်လှေကားထစ်လေးများ" ဆိုတဲ့ ရုပ်ရှင်နဲ့ မြန်မာပရိသတ်တွေရဲ့ မျက်ရည်တွေနဲ့ အသည်းကို သိမ်းပိုက်ထားနိုင်သူလေးဖြစ်ပါတယ်။

Photo Credit : Kbizoom
Photo Credit : Kbizoom

မကြာသေးမီက ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက ဆိုးလ်မြို့ Yongsan ရဲစခန်းမှာ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ဇနီးဖြစ်သူအားသတ်ဖြတ်ရန် ကြိုးစားမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ။ ဇနီးသည်က မင်းသမီးတစ်ယောက်ဖြစ်ပြီး လည်ပင်းကို ဓားနဲ့ထိုးခံရပြီးဦး နီးစပ်ရာဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

Photo Credit : Kbizoom
Photo Credit : Kbizoom

အဆိုပါအမျိုးသမီးက အသက်၄၀ ကျော်ရှိပြီဖြစ်ပြီး အကုန်လုံးက ဒီကိစ္စရဲ့ နစ်နာသူကို Choi Ji Woo လို့ ထင်နေကြတာပါ။ Choi Ji Woo ရဲ့ အချစ်ရေးဟာလည်းရှုပ်ထွေးပြီး ခင်ပွန်းသည်နဲ့ အဆင်မပြေကြောင်း သတင်းတွေထွက်ဖူးတာကြောင့် လူအများက သူလို့ သံသရရှိနေခဲ့တာပါ။

Photo Credit : Kbizoom
Photo Credit : Kbizoom

ဒါပေမယ့် Choi Ji Woo ရဲ့ ဓာတ်ပုံတွေက ဒီသံသရတွေ အားလုံးကို ထိထိရောက်ရောက် ငြင်းဆိုနိုင်ခဲ့ပါတယ်။ Choi Ji Woo က လက်ရှိမှာ ခရီးထွက်နေတာဖြစ်ပြီး သူမရဲ့ Jeju အပန်းဖြေခရီးမှာ ပျော်မွေ့နေကြောင်းကို "Jeju Island" ဆိုတဲ့ Caption လေးနဲ့အတူ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit : Kbizoom
Photo Credit : Kbizoom
Photo Credit : Kbizoom
Photo Credit : Kbizoom
Photo Credit : Kbizoom
Photo Credit : Kbizoom

၂၀၁၈ မှာ Choi Ji Woo က သူမထက် ၉ နှစ်ငယ်တဲ့ Business Man တစ်ယောက်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူမက ၄၅ နှစ် 2020 ခုနှစ်မှာမှ သမီးဦးလေးကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Kbizoom
Photo Credit : Kbizoom

Source : Kbizoom

Cherry Nwe Oo
CNO

ဆက်စပ်သတင်း