ကလေး ၃၄ ယောက် ပိုင်ဆိုင်ထားတဲ့ အသက် ၂၀ ကျော် အမေရဲ့ ဖွင့်ဟချက်

//s9.kh1.co/f3/f37f5ddae8d26ac5bae238ad8d36af4f2467c70d.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

သူမရဲ့ တစ်နေ့တာကို ဘယ်လိုဖြတ်သန်းရလဲဆိုတာ ပြောပြခဲ့တာပါ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

သင့်ဘဝဟာ အလုပ်များတယ်လို့ ထင်ပါသလား။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ အမျိုးသမီးတစ်ယောက်က သူရဲ့ ကလေး ၃၄ ယောက်နဲ့ ပတ်သက်ပြီး အမြဲတမ်း ဘယ်လို ပြုလုပ်ပေးရလဲဆိုတာကို ပြသခဲ့ပါတယ်။ တစ်တော့ အသုံးပြုသူ ကျုစီဝေ မီခွန်းဒီယာဟာ မိဘမဲ့ကလေးများ၊ လမ်းဘေးကလေးငယ်များနှင့် ဆယ်ကျော်သက်မိခင်များအတွက် မာလာဝီရှိ သူမရဲ့ နံနက်ခင်းလုပ်ရိုးလုပ်စဉ်များကို ပြသထားတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ ကျုစီဝေဟာ သူမအသက် ၁၈ နှစ်မှာ အိပ်ယာမဲ့ Single Mother တစ်ယောက်ဖြစ်ခဲ့ပြီးနောက် မကြာခင်မှာပဲ " You Are Not Alone " (YNA) ဆိုတဲ့ အဖွဲ့အစည်းကို တည်‌ထောင်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=576,h=839,q=100/46/46e4d92989098f6c5b5f02cfcff85bfe052905dd.webp
https://s9.kh1.co/__image/w=389,h=661,q=100/85/851f51e258633b2c7ca96eb89fe300a000353b0a.png

သူမရဲ့ အရိပ်အောက်မှာရှိတဲ့ ကလေးများဟာ ငါးလမှ အသက် 16 နှစ်အထိရှိကြပြီး သူမဟာ ကလေး‌တွေကို ပြုစုစောင့်ရှောက်ရာမှာ အလွန်ကြမ်းတမ်းတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုရှိပါတယ်။ သူမရဲ့ တစ်တော့အကောင့်မှာ သူမက " ကလေးအားလုံးက စွန့်ပစ်ခံရတာတော့ မဟုတ်ပါဘူး။ အချို့က မိဘမဲ့၊ အချို့ကတော့ မိဘတစ်ယောက်ပဲရှိပြီး အချို့ကတော့ မိဘနှစ်ပါးလုံးရှိကြပါတယ်။ ဒါပေမယ့် ကလေးတွေက အဲ့လိုမိဘတွေဆိကပဲ စွန့်ပစ်ခံရတာပါ။ " လို့ပြောခဲ့ပါတယ်။ သူမ တင်ထားတဲ့ Video တွေမှာဆိုရင် သူမရ‌ဲ့တစ်နေ့တာဟာ မနက် ၄ နာရီမှာ စလေ့ရှိပြီး ကလေးတွေအတွက် မနက်စာကို ပြင်ဆင်ပေးပုံကို ပြသ‌ခဲ့ပါတယ်။ မနက်စာထဲမှာ ဆင်းဒဝှစ်၊ ဟော့ဒေါ့နဲ့ ဂျူစီဗူးများ ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=565,h=966,q=100/03/03ae5595f78322acbcb44944818d419d679cdb39.webp

ဆက်လက်ပြီးသူမက " ကျွန်မက 5 နှစ်အောက် ကလေးတွေအတွက် ထမင်းချက်ပေးတဲ့ တစ်‌ယောက်တည်‌းသောသူဖြစ်ပြီး ကလေးတိုင်းမှာ သူတို့ကိုယ်ပိုင် မနက်ခင်းဝေယျာဝစ္စ ရှိပါတယ်” ကလေးတွေက ည‌ ၇ နာရီဆိုတာနဲ့ အိပ်ယာထဲ ဝင်ကြပါတယ်။ ဒါပေမယ့် ကလေး တော်တော်များများက ဗိုက်ဆာလို့ ထလာတဲ့အခါ သူမရဲ့ ညဆိုင်းက တကယ်စလာပါတယ်။ သူမက " ကျွန်မ သူတို့ကို ကျွေးမွေးပြီး သူတို့ရဲ့ အနှီးတွေကိုလည်း ပြောင်းရသလို၊ နောက်တစ်နေ့ အလုပ်အတွက်လည်း ပြင်ဆင်ရပါတယ် " လို့ ပြောခဲ့ပါတယ်။ လူများစွာဟာ သူမရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး တစ်ယောက်က " မင်းက ကလေးတွေအားလုံးအတွက် အံ့ဩစရာကောင်းတဲ့ လုပ်ရပ်ကိုလုပ်‌ပေးနေတာပဲ! ဆက်လုပ်ထား!! " ဆိုပြီး အားပေးချီးကျူးခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း “ဘုရားသခင်ဟာ သင့်အား များစွာသောဆုကျေးဇူးကို ပေးတော်မူပါစေသော။ " လို့ ရေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=399,h=752,q=100/bd/bdd7ee4ea190886ac9fbe0e1c52409bbb2618ad1.webp
https://s9.kh1.co/__image/w=376,h=659,q=100/ff/ffc67064de171c1ac78c1bf5550d6e8beb629a2f.png

သတင်း အရင်းအမြစ်New York Post

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T