ပထမဦးဆုံးသော Like သန်း ၂၀ ကျော်ရရှိတဲ့ ကိုရီးယားအနုပညာရှင် V ဖြစ်လာ

https://s9.kh1.co/ce/cec66126b4ee66027e298299e88dcdf3472e159d.jpg
အနုပညာရှင်များ
 23-Jun-2022 2pm · 10 days ago

.

BTS အဖွဲ့ဝင် V က Instagram ပို့စ်တစ်ခုတည်းမှာ Like သန်း ၂၀ ကျော် ရရှိတဲ့ ကိုရီးယားအနုပညာရှင် ဖြစ်လာပါတယ်။ တကယ်ကို “SNS King” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီတဲ့ BTS V  ရဲ့ မကြာသေးမီက တင်လိုက်တဲ့ Instagram ပို့စ်တစ်ခုမှာ Like သန်း ၂၀ ကျော်ထိရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ff/ff7d36f70180a2e38bb2a9f3437b53f36e7b6934.webp

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က Instagram မှာတင်ခဲ့တဲ့ BTS V ရဲ့ခွေးလေး Yeontan ဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာတော့ လိုက်ခ်သန်း ၂၀ ကျော်သွားခဲ့ပါတယ်။ ဇွန်လ ၂၃ ရက်နေ့အထိ Like အရေအတွက်အရ အဲ့ဒီဓာတ်ပုံရဲ့ Like က ၂၀.၀၆ သန်းကျော်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ V ဟာ Instagram ပို့စ်တစ်ခုတည်းမှာ Like သန်း ၂၀ ကျော်ရရှိတဲ့ ပထမဦးဆုံးသော အာရှအနုပညာရှင် ဖြစ်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/56/56e0fb39a228c0b1081762577b541b64d5ecf441.jpg

ကမ္ဘာပေါ်မှာ အောင်မြင်တဲ့ ကြယ်ပွင့် ၈ ဦးသာရှိပြီး ဘောလုံးကစားသမား Cristiano Ronaldo နှင့် Lionel Messi၊ အမေရိကန် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ Billie Eilish နှင့် Ariana Grande၊ XXX Tentacion၊ Kylie Jenner၊ Tom Holland နဲ့ Zendaya တို့ပါဝင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရီးယားအနုပညာရှင် V ပါဝင်လာတဲ့အတွက် ၉ ဦး ဖြစ်လာပါတယ်။

https://s9.kh1.co/__image/w=650,h=535,q=100/2a/2a36d1ee8f6da176916bb17f78e06d6a59f5ee29.webp

ဒီအောင်မြင်မှုကနေတစ်ဆင့် V ဟာ ကမ္ဘာ့စူပါစတားများနှင့်အတူ ရပ်တည်ကာ သူ့ရဲ့ကျော်ကြားမှုနှင့် အဆင့်အတန်းကို သက်သေပြခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက V SNS အကောင့်စတင်ဖွင့်တဲ့ အချိန်မှာ ၄၃ မိနစ်အတွင်း follower ၁ သန်းနှင့် ၄ နာရီ ၅၂ မိနစ်အတွင်း Follower ၁၀ သန်းရရှိခဲ့ကာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အထိ V ရဲ့ Instagram အကောင့်မှာ Follower ၄၄.၇ သန်းရှိပြီး ကိုရီးယား အမျိုးသားအနုပညာရှင်တွေထဲမှာ အများဆုံးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1197,q=100/49/4938c2a02baa691367f14b5972c0ae852d3e28fa.webp

V ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လဆက်တိုက် followers အများဆုံး အမျိုးသား ကိုရီးယားအနုပညာရှင်များ၏ အဆင့်မှာ ထိပ်ဆုံးမှရပ်တည်ခဲ့ပါတယ်။ BTS V ရဲ့  ခွေးလေးYeontan ပို့စ်ဟာတော့  Instagram ရဲ့လူကြိုက်အများဆုံး ပို့စ် ဖြစ်လာပါတယ်။ မကြာသေးမီကမှ V ဟာ ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံး ထိပ်တန်း ၁၀၀၀  စာရင်းတွင် အဆင့် ၉ ရရှိခဲ့ကာ ကိုရီးယားနာမည်ကျော် အနုပညာရှင်များကြားမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါတယ်။

source - kbizoom

Rain
Rain

ဆက်စပ်သတင်း