သားဖြစ်သူရေမွန် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်နေ့လေးမှာ အမှတ်တရ ရေးထိုးထားတဲ့ တက်တူးလေးကို ထုတ်ပြလာတဲ့ ဒေါ်ခင်မြတ်မွန်

//s9.kh1.co/59/59f38da760cdd17529f3ad487769a4eb5fa8f20d.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

ဂီတလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် ရေမွန်ဟာ လူ့လောကထဲကနေ ရုတ်တရက် ထွက်ခွာသွားခဲ့တာဆိုရင် ဒီကနေ့မှာ တစ်နှစ်တိတိပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဂီတလောကမှာ အောင်မြင်မှုတွေရရှိပြီးမှ ကွယ်လွန်သွားရှာခဲ့တဲ့ အဆိုတော် ရေမွန်ကို ချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေက ယနေ့အချိန်ထိ သတိရနေဆဲပါ။

Photo Credit - Raymond
Photo Credit - Raymond
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon

ရေမွန် မရှိတော့ပေမယ့်လည်း သူဖန်တီးခဲ့တဲ့ တေးသီချင်းကောင်း များကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ ထင်ကျန်ရစ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ကလည်း ချစ်ရတဲ့သားဖြစ်သူကို သူမဘဝထဲကနေ လက်လွှတ်ဆုံးရှုံးခဲ့ရတာကြောင့် ယနေ့အချိန် ယူကျုံးမရဖြစ်ပြီး အမှတ်တရလေးတွေ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။

Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon

ဒီကနေ့မှာတော့ သားဖြစ်သူ ရေမွန်ရဲ့ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်တဲ့နေ့မှာ သူမ ခန္ဓာကိုယ်ပေါ်မှာ အမှတ်တရ ထပ်မံရေးထိုးထားတဲ့ တက်တူးလေးတွေကို ဖော်ပြလာတာ တွေ့ရပါတယ်။ တက်တူးလေးတွေကတော့ ရေမွန် ကလေးဘဝတုန်းက ရိုက်ထားတဲ့ အမှတ်တရ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သားဖြစ်သူ ငယ်ဘဝက ပုံရိပ်လေးတွေကို သေရာပါအောင် ရေးမှတ်ထားတဲ့ မိခင်ကြီးရဲ့ မေတ္တာတရားနှင့် အချစ်သံယောဇဉ်ကြီးမားပုံကတော့ မျက်ရည်ကျမတက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ပရ်သတ်တွေကလည်း ဒီကနေ့မှာ ကွယ်လွန်ခြင်း တစ်နှစ်တောင်ပြည့်သွားပြီဲဖြစ်တဲ့ ရေမွန်မတွက် ဆုတောင်းစကားလေးတွေ ဖွင့်ဟခဲ့ပါဦး။

Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon
Photo Credit - Khin Myat Mon

သတင်း အရင်းအမြစ်Source - Khin Myat Mon

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T