ခပ်အေးအေးလေးနဲ့ သိပ်ချစ်စရာကောင်းတဲ့ သဇင်ထူးမြင့်လေးကို အားလုံးပဲ သိကြမှာပါ။
တက်သစ်စလေးတွေအားလုံးထဲမှာမှ ခပ်အေးအေးလေးနဲ့ အကြည်ဓာတ်လေးမလို့ အားလုံးက ချစ်ခင်အားပေးကြပါတယ်။
ဇာတ်ပို့ ဦးခင်လှိုင်ရဲ့ အငယ်ဆုံးသမီးချောလေးမလို့အဖေ့ရဲ့အနုပညာအမွေကို လည်းရရှိထားသူလေးပါနော်။
Double dating အစီစဉ်လေးမှာ လူသိများလာခဲ့ပြီး Fan အင်အားပိုတိုးလာခဲ့ပါတယ်။
မကြာသေးခင်ကလည်း အိမ်မက်ထဲကအိမ်မက် ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါသေးတယ်...
ဖခင်ကြီးရဲ့ အနုပညာသွေးပါတယ်လို့ ပြောရမှာပါပဲ... သူတို့မောင်နှမတွေအားလုံး ဖခင်ဦးလှိုင်လို အနုပညာသမားတွေဖြစ်ကြပြီး အဲ့ထဲမှာမှ အငယ်ဆုံးလေး သဇင်ထူးမြင့်ကတော့ အဖေ့ရဲ့အသည်းကျော် ချစ်စရာ မင်းသမီးလေးပေါ့။
မိဘနဲ့ မိသားစုအပေါ်လည်းသိတတ်တဲ့အပြင် အေးအေးလေးနဲ့ ချစ်ဖို့ကောင်းအောင်နေတတ်တာမလို့ မိသားစုတင်မကပဲ ပရိတ်သတ်တွေကပါ သူများကို ချစ်ခင်အားပေးလာကြတာပါ။
ဇာတ်လမ်းတွဲတွေမှာပဲဖြစ်ဖြစ် သီချင်း Mtv တွေမှာပဲဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ပုံစံလေးတွေ ရိုးရိုးရှင်းရှင်းပုံစံလေးတွေနဲ့သာ သရုပ်ဆောင်တတ်ပေမယ့် အခုတစ်ခါမှာတော့ ခပ်မိုက်မိုက် အချေစတိုင်လေးနဲ့ ဓာတ်ပုံလေးတွေကို တင်ထားခဲ့ပါတယ်....
ကဲ ဘယ်လောက်တောင် လှလိုက်လဲနော်.... မြင်နေကျပုံစံနဲ့ကွဲထွက်တဲ့ သဇင်ထူးမြင့်ရဲ့မဟူရာ အလှကို ကြည့်လိုက်ကြပါဦးနော်...
Source from Thazin Htoo Myint Facebook
Photos credit from Facebook