မေပန်းချီဆိုတဲ့ ချစ်စရာကောင်တဲ့ မင်းသမီးလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ သိပ်ကို ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ခပ်လှလှ ခန္ဓာကိုယ်လေးကြောင့် အရင်က လူသိများခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာ အပြုံးချိုချိုလေးနဲ့ Live Sale လေးတွေရောင်းခဲ့တာကြောင့်လူသိများခဲ့သူဆိုရင်လည်းမမှားပါဘူးနော်...
ကျက်သရေရှိတဲ့ အလှနဲ့ လုံးကြီးပေါက်လှတဲ့သူမဟာ တစ်ခြားမိန်းကလေးတွေလိုတော့ မပိန်သွယ်ပေမယ့်လည်း ခပ်မိုက်မိုက် Body ကြောင့်လူကြိုက်ပိုလို့များလာခဲ့ပါတယ်.
မိခင်ကြီးရှိစဉ်ကတည်းက မိဘနဲ့မိသားစုကိုလုပ်ကျွေးခဲ့တဲ့ သူလေးဆိုရင်လည်းမမှားပါဘူးနော်...
အကူညီမဲ့နေတဲ့သူတွေကို အားပေးကူညီတတ်ပြီး ကိုယ်နဲ့ဆွေမျိုးနီးစပ်မဟုတ်ရင်တောင် စေတနာရှေ့ထားကူညီပေးတတ်သူပါနော်...
ညီမငယ်လေးဖြစ်သူအပေါ်လည်း အမကြီးအမိရာ ဆိုသလို အမြဲဖေးမအားပေးတတ်ပြီး ညီမလေးရဲ့အောင်မြင်မှုတိုင်းကို ဂုဏ်ယူ ကျေနပ်နေသူပါ။
အမေကြီးနဲ့ညီမလေးအပေါ် အရမ်းတာဝန်ကျေတဲ့ သူဖြစ်ချင်ခဲ့ပေမယ့် အမေဖြစ်သူ ဆုံးပါးသွားတဲ့အခါ ကျန်ခဲ့တဲ့ညီမငယ်လေးကိုပဲ အမေလိုတဖုံအမလိုတဖုံ ချစ်ပေးရှာသူပါ။
မိခင်ကြီး ကွယ်လွန်သွားခဲ့ပေမယ့်လည်းအခုထိကို မိခင်ကြီး အပေါ် အရမ်းကိုသတိရနေခဲ့ရှာပါတယ်။
အေးလေ မိဘနဲ့သားသမီး ဆိုတာ ဘယ်လောက်ပဲဝေးနေပါစေ ရင်ထဲမှာတော့ အမြဲထာဝရ ရှိနေစမြဲပဲမလား...
အခုလည်း သူ့မိခင်ကြီး မဆုံးခင်က သူနဲ့ chat ထားတဲ့စာတွေကို ပြန်ဖတ်ပြီး လွမ်းဆွတ်သတိရနေရှာပါတယ်။
သူမပြောနဲ့ ဖတ်မိတဲ့ ဘယ်သူမဆို ရင်ထဲစို့နင့်မိသွားမှာအမှန်ပါပဲ...
Source from MayPache Facebook
Photos credit from Facebook