Why Her ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း အိပ်ပျော်သွားခဲ့တဲ့ Seo Hyun Jin ရဲ့ ရုပ်သံဖိုင်

https://s9.kh1.co/a9/a9e5231acf25f5153b46092c09d909f539f5a1b1.jpg
အနုပညာရှင်များ
 22-Jun-2022 3pm · 11 days ago

.

ဇွန်လ ၂၁ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုဖြစ်တဲ့ 'SBS Catch' ကနေ ရိုက်ကူးနောက်ကွယ်က ဗီဒီယိုတစ်ခု ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို 'Seo Hyun Jin က ရိုက်ကူးနေစဉ်အတွင်းမှာ တကယ် အိပ်ပျော်သွားခဲ့ပြီး Hwang In Yeop က သူမကို ဂရုစိုက်နေပါတယ်' လို့ ခေါင်းစဉ်ပေးပြီး တင်ထားတာ ဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=650,h=443,q=100/b8/b8d718d9514c14877e9b8b3d1c5c1842f986adcc.jpeg

ဒီဗီဒီယိုကိုတော့ SBS ရဲ့ သောကြာ-စနေနေ့ ဒရာမာဇာတ်လမ်းတွဲ “Why Her” ရဲ့ ရိုက်ကူးရေးအဖွဲ့ကနေ ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ Seo Hyun Jin က Oh Soo Jae အဖြစ် သရုပ်ဆောင်ထား ပြီး Hwang In Yeop ကတော့ Gong Chan အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/c2/c271971a5e8f2abb215cc7a0221fc42145d53559.webp

ဇာတ်ကားထဲက Gong Chan ရဲ့အိမ်မှာ Oh Soo Jae အိပ်တဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့အတွက် Seo Hyun Jin က ဆိုဖာပေါ်မှာ လှဲလျောင်းနေပြီး ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ Hwang In Yeop ကတော့ Seo Hyun Jin ကို လှေကားကနေ လှမ်းကြည့်ရင်းနဲ့ သူမတကယ် အိပ်နေပုံပေါ်ကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Seo Hyun Jin ဟာ ရိုက်ကူးရေးစဖို့ စောင့်ရင်းနဲ့ တကယ်ပဲ အိပ်ပျော်သွားခဲ့ပါတယ်။ Seo Hyun Jin အိပ်နေစဉ်အတွင်းမှာ Hwang In Yeop က သူမရဲ့ဘေးမှာထိုင်ပြီး ဆံပင်ကို သပ်ပေးကာ သူ့ရဲ့တွဲဖက်သရုပ်ဆောင် အပေါ် ထောက်ထားညှာတာတဲ့ အမူအရာပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=336,q=100/34/346713305b58efed7b49f1ba485b73670a07127d.webp

Seo Hyun Jin နိုးလာတဲ့အခါမှာတော့ ရိုက်ကူးရေးလုပ်ဖို့စောင့်နေရင်းနဲ့ အိပ်ပျော်သွားတာဖြစ်ကြောင်း သူမက တောင်းပန်စကားဆိုခဲ့ပါတယ်။ အခုလို ရိုက်ကူးရေးနောက်ကွယ်က ဗီဒီယိုဖိုင်ကို ရိုက်ကူးရေး အဖွဲ့က 'ဇာတ်ဝင်ခန်းတိုင်းရဲ့နောက်ကွယ်က နွေးထွေးမှု' ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=294,q=100/cf/cf62658d5d9ab263d93162dec6f59923f9917bcc.jpg

“Why Her” ဇာတ်လမ်းဟာ အောင်မြင်မှုကို လိုက်ရှာနေတဲ့ အေးစက်တဲ့ ရှေ့နေ Oh Soo Jae နဲ့ သူချစ်တဲ့ အမျိုးသမီးကို ကာကွယ်ဖို့အတွက် ဘာကိုမှ မကြောက်တဲ့ ဥပဒေကျောင်းသား Gong Chan တို့၏ ရင်ခုန်စရာ ဇာတ်လမ်းကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။

source - kbizoom

Rain
Rain

ဆက်စပ်သတင်း