လက‌်ဝှေ့အကျော်အမော် Mike Tyson နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ လက်ခံလိုက်တဲ့ Jake Paul

//s9.kh1.co/6f/6fc4543a2528050ca08b1fdaeeea9aaa69b8c0c1.jpg
အားကစားသတင်းများ

 ၂၁-ဇွန်-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

ဒီပွဲကတော့ ကြည့်ကောင်းနေတော့မှာပါပဲ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

Jake Paul ဟာ လက်ဝှေ့အကျော်အမော် Mike Tyson နဲ့ လက်ဝှေ့ ယှဉ်ပြိုင် ထိုးသတ်ဖို့ သဘောတူခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် အဆိုးဆုံးလူသား Mike Tyson ဟာ သူအနေနဲ့ ပြဿနာ ကောင်ဆိုးလေး Jake Pual နဲ့ထိုးသတ်ဖို့ စိတ်၀င်စားကြောင်း Jimmy Kimmel နဲ့‌အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ အင်တာဗျူးမှာ YouTuber လက်ဝှေ့သမားနဲ့ ထိုးသတ်ဖို့ အမေးခံရတဲ့အခါမှာ သူ့အနေနဲ့ စိတ်၀င်စားပေမယ့် အ‌ခြေ‌အနေတစ်ခုတော့ရှိကြောင်း ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ထိုးပွဲဟာ ဒီနှစ်ထဲမှာ ရှိလာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/ba/bae672d654b7a32164ecf63bcbf2db3cb1fc0ac7.jpg

သူ့ကို Paul နဲ့ထိုးဖိုး မေ့တဲ့အခါမှာ Tyson ဟာ " ဒါဟာစိတ်၀င်စားဖို့တော့ကောင်းပါတယ်။ ဒီလိုထိုးဖို့ တခါမှတော့ အသေအချာကြီး မစဉ်းစားမိပေမယ့် ဟုတ်ပါတယ် ဒီဟာက စိတ်၀င်စားဖို့ကောင်းပါတယ်။ " လို့ပြောခဲ့ပါတယ်။ ဆက်လက်ပြီး‌ေတာ့သူက " အရာရာဟာဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်...ထိုးပွဲဟာ ဒီနှစ်ထဲမှာဖြစ်မှာပါ။ " Paul ဟာလည်း ဂန္တ၀င်ကစားသမားကို လေးစားကြောင်းနဲ့ ပြိုင်ပွဲအမှန်တကယ်ဖြစ်လာဖို့ ထောက်ခံကြောင်း တွစ်တာမှာ ရေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/41/41015a5e991a602eab2c5cebeb31ac166a817799.jpg

Paul ဟာအရင်တုန်းက တကယ့်လက်ဝှေ့သမားတွေနဲ့ မထိုးခဲ့တာကြောင့် လက်ဝှေ့လောကမှာ ပညာရှင်တွေရဲ့ ဝေဖန်ပြောဆိုမှုကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း Tyson က Paul ရဲ့ လက်ဝှေ့စွမ်းရည်ကို ကာကွယ်ခဲ့ပြီး သူ့အနေနဲ့ အားကစားပေါ် စိတ်အားထက်သန်တဲ့ အတွက် ချီးတောင်ကျူးခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/88/88b63f261d9aecee2d271b209cbbe739ccf0048a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/5b/5b33d07f8ab2e1df9e3d72f00db074ce4d1495d4.webp

ဩဂုတ်လ ၆ ရက်နေ့မှာ Paul ရဲ့နေ့မှာ ထိုးပွဲပြန်စမှာ ဖြစ်ပါတယ်။ သူဟာ မနှစ်တုန်းက Tyron Woodley ကိုအလဲထိုးပြီးနောက်ပိုင်း ထိုးပွဲတွေရပ်နားထားခဲ့တာပါ။ အဲ့အတောအတွင်းမှာတော့ Tyson ဟာ ၂၀၂၀ ခုနှစ် နို၀င်ဘာလတုန်းက Roy Jones Jr နဲ့ ထိုးခဲ့ပြီးကတည်းက ဘာပြိုင်ပွဲမှ မယှဉ်ပြိုင်ရသေးပါဘူး။ ဒါပေမယ့် သူတို့ နှစ်‌ေယာက်ရဲ့ ပွဲဟာ မယုံနိုင်စရာကောင်းတဲ့ ပွဲကြီးဖြစ်မယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

https://s9.kh1.co/__image/w=640,h=480,q=100/48/485bf26dbb0cf479e0b93438e8d1f7cb53729165.jpeg

သတင်း အရင်းအမြစ်Ladbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T