မကြာခင်မှာ ဘဝသစ်တစ်ခုကိုတည်ဆောက်သွားတော့မယ့် လက်ရွေးစင်ကစားသမား ဆွန်လမ်းမာန်

//s9.kh1.co/5f/5f1e56aac9ceae14e389da64f408befb91984c5e.jpg
အားကစားသတင်းများ

 ၂၁-ဇွန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

မြန်မာလက်‌ရွေးစင် ဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသား ဆွန်လမ်းမာန်ကို ပရိသတ်တွေ သိကြမယ်လို့ ထင်ပါတယ်။ ဆွန်လမ်းမာန်ဟာ ၂၀၁၀ ခုနှစ်လောက်ကတည်းက ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar National League ပြိုင်ပွဲ‌တွေမှာ  ဇွဲကပင်ယူနိုက်တက်၊ ချင်းယူနိုက်တက် ၊ ရန်ကုန်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်အသင်း စတဲ့အသင်း တွေမှာ ပါဝင်ကစားခဲ့ပြီး ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်းခံရပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသူပဲ ဖြစ်ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang

 ဒါပေမယ့် ၂၀၂၀ / ၂၁ ခုနှစ်ကနေ စတင်ပြီး  ဆွန်လမ်းမာန်ဟာ ထိုင်းကလပ်အသင်းတွေမှာ ကြေးစားကစားသမားဘဝအဖြင့် ပြောင်း‌ရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။ သူပြောင်းရွှေ့ ကစားချိန်မှာလည်း ၂၀၂၀ ခုနစ်ကနေ ၂၀၂၂ ခုနစ်အထိကို  Muangkan Unite ၊ Trat FC ၊ Ranong Unite ၊ Navy FC Sattahip စတဲ့ ကလပ်အသင်းတွေမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ ယခုမှာတော့ ဆွန်လမ်းမာန်က သူ့ရဲ့ လူမှုကွန်ယက်မှာ မိတ်ဆွေသူငယ်ချင်းများနှင့် အားပေးတဲ့ ဘောလုံးပရိသတ်တွေကို မင်္ဂလာသတင်းလေးတစ်ခု ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang

ဒါကတော့ မြန်မာလက်ရွေးစင်ဘောလုံးသမား ဆွန်လမ်းမာန်ဟာ ဇွန်လ ၂၂ ရက်နေ့မှာ အိမ်ထောင်ပြုတော့မယ့် အကြောင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ယက်မှာတော့ "Online ပေါ်ရှိ ရပ်နီးရပ်ဝေးမှ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းမိတ်ဆွေများ ကျွန်တော်/မ တို့ရဲ့လက်ထပ်ထိမ်းမြားပွဲကို အောက်ဖော်ပြပါအစီအစဉ် အတိုင်း ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ကြွရောက်ချီးမြင့်ပေးနိုင်ပါရန် လေးစားစွာ အသိပေးဖိတ်ကြားအပ်ပါသည်"ဟု ‌ဆိုကာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ချစ်စရာဇနီးလောင်းနဲ့အတူ ရိုက်ကူးထားတဲ့ မင်္ဂလာရှိတဲ့ ပုံရိပ်လေးတွေကိုလည်း ဖော်ပြထားခဲ့ပါတယ်။ ကဲ ပရိသတ်တွေကလည်း မကြာခင်မှာ အိမ်ထောင်ပြုတော့ ဆွန်လမ်းမာန်ကို မင်္ဂလာရှိတဲ့ စကားလေးတွေ ချီးမြေှာက်ပေးခဲ့ပါဦးနော်...။

Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang
Photo Credit - Suan Lam Mang

သတင်း အရင်းအမြစ်Source - Suan Lam Mang

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T