ထောင်ဒဏ် ၇ နှစ်ထိ ကျနိုင်တဲ့ စည်းကမ်းကို ကမ္ဘာ့ဖလား ပရိသတ်တွေအတွက် ထုတ်ပြန်လိုက်တဲ့ ကာတာနိုင်ငံ

//s9.kh1.co/98/980aadb79ceb647dfb784b4a5be3bb41969280b8.jpg
အားကစားသတင်းများ

 ၂၀-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သူတို့နိုင်ငံမှာ ဒီလိုလုပ်ခြင်းဟာ တရားမဝင်ပါဘူး......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွင်း One-night stand (တစ်ညတာအတွက်ပဲ အတူနေသူ) ရှိမယ်ဆိုရင် ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရနိုင်တယ်လို့ ကမ္ဘာ့ဖလားပရိသတ်တွေကို သတိပေးထားပါတယ်။ အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းဟာ မွတ်စလင်အများစု နေထိုင်တဲ့ နိုင်ငံမှာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ဘယ်သူကိုမှ ခွင့်ပြုထားခြင်းမရှိသလို တရားလည်းမဝင်ပါဘူး။ ရဲတစ်ယောက်က " လင်မယားမဟုတ်ပဲနဲ့ လိင်ဆက်ဆံဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်းမှာ One-night stand ရှိခွင့် မရှိပါဘူး။ "

https://s9.kh1.co/__image/w=650,h=650,q=100/69/69f0464a9cd0e7b83784a4a6fb6161a6af5310b9.jpg
https://s9.kh1.co/__image/w=615,h=410,q=100/4a/4a2171d4eeb27fdc7f5074e1a51a77344d34ac9c.jpg

" ဘာ ပါတီပွဲမှာလည်း ရှိနေမှာမဟုတ်ပါဘူး။ ထောင်ထဲပိ၎င်း၏မရောက်ခြင်ရင်တော့ လူတိုင်းက ကိုယ့်ကိုထိန်းသိမ်းဖို့တော့ လိုပါမယ်။ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပိတ်ပင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ " လို့ပြောခဲ့ပါတယ်။ လိင်တူဆက်ဆံခြင်းဟာလည်း ကာတာတွင် တရားမဝင်ဖြစ်ပြီး ထောင်ဒဏ်ကျခံရနိုင်ပါတယ်။

https://s9.kh1.co/__image/w=615,h=410,q=100/83/83b48f634c879e8bf9d75c5764f78f824cc20be6.jpg
https://s9.kh1.co/__image/w=625,h=415,q=100/a1/a1ee41879699c34fca5c5034ee619f168288a489.jpg

အိမ်ထောင်မပြုရ‌သေးတဲ့ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးဟာ အတူတူနေမယ်ဆိုရင် အဖမ်းခံရနိုင်ပါတယ်။ ပွဲပြီးလို့ အရက်သောက်တာ ပါတီလုပ်တာဟာလည်း တင်းကျပ်စွာ တားမြစ်ထားပါတယ်။ သက်တံရောင်အလံ လွှင့်ခွင့်လည်း မရှိပါဘူး။ ဒါကြောင့် ကာတာမှာ ပြုလုပ်ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှူဖို့ ခရီးသွားမယ်ဆိုရင် နောက်ဆုံးရသတင်းတွေနဲ့ စည်းကမ်းချက်များကို လေ့လာဖတ်ရှူဖို့ သက်ဆိုင်ရာ ဌာနက အသိပေးထားပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/4d/4d62b3de498ee4c39567d90be267f0ee88c27fea.webp
https://s9.kh1.co/__image/w=615,h=410,q=100/90/901c3196754035eda999c82208381bd150e3a679.jpg

သတင်း အရင်းအမြစ်The Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T