တောင်ကိုရီးယားမင်းသား Kim Rae Won ဟာဆိုရင် ချစ်သူကောင်မလေးဆီက သစ္စာဖောက်ခံခဲ့ရပြီးနောက်မှာ သေကြောင်း ကြံစည်ခဲ့ဖူးတဲ့အထိ ဖြစ်ခဲ့တဲ့ သူဖြစ်ပါတယ်။ Kim Rae Won ရဲ့ ကောင်မလေးဟာ Kim Rae Won ကို ပိုက်ဆံ မရှိတာကြောင့် စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာကို Kim Rae Won က Reality Show တစ်ခုမှာ ပြောခဲ့တာဖြစ်ပါတယ်။ Kim Rae Won ရဲ့ ရည်းစားဟောင်း ကောင်မလေးဟာ Kim Rae Won နဲ့ ဘက်စ်ကားပေါ်မှာ အတူတူထိုင်ရင်း ဖုန်းထဲကို သူစိမ်းတစ်ယောက်ဆီက စာတစ်စောင် ရခဲ့တယ်လို့ သိရပါတယ်။ သူစိမ်းဆီကနေ စာရပြီးတဲ့နောက်မှာ ချစ်သူကောင်မလေးက အကြောင်းပြချက်မရှိဘဲ Kim Rae Won ကို လမ်းခွဲခဲ့တယ်လို့ သိရပါတယ်။ ရုတ်တရက်ကြီး ဖြစ်သွားတဲ့ ဆိုးရွားမှုတွေကြောင့် Kim Rae Won တစ်ယောက် ရေထဲကို ခုန်ချပြီး သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဆောင်းရာသီဖြစ်နေပြီး ရေက ခဲနေခဲ့တာကြောင့် Kim Rae Won တစ်ယောက် ရေထဲရောက်သွားတဲ့ အချိန်မှာ အရမ်းကို အေးပြီး အသိစိတ်ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ အေးစိမ့်နေတဲ့ရေကြောင့် Kim Rae Won တစ်ယောက် ကြောက်ကြောက်လန့်လန့် ရေကူးပြီး ကမ်းပေါ်ပြန်တတ်လာနိုင်တာကြောင့် အသက်ရှင်ခဲ့တာဖြစ်ပါတယ်။
Kim Rae Won ဟာ သူ့ရဲ့ အချစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ်မှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ Kim Rae Won ဟာ အနုပညာလမ်းကြောင်းထက်ဆီမှာ အောင်မြင်မှုတွေ မရရှိခဲ့စဉ်က တော်တော်လေး ဆင်းရဲခဲ့တဲ့သူဖြစ်ပါတယ် ။ ဘဝကြီးကို ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အပြင် ချစ်သူရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရတဲ့ တောင်ကိုရီးယားမင်းသား Kim Rae Won ဟာ အခုအချိန်အထိ dating news တစ်ခုမှ မထွက်ခဲ့ဘဲ ဘဝကြီးကို တစ်ယောက်တည်း ရပ်တည်နေတုန်းပဲဖြစ်ပါတယ်။