လက်နဲ့ထိစရာတောင်မလိုပဲ စိတ်နဲ့တင် ထိန်းချုပ်အသုံးပြုနိုင်မယ်ဆိုတဲ့ Tesla ဖုန်း

//s9.kh1.co/2d/2d22effe8041702b39f3e77c94095495d6b315f4.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဖုန်းတန်ကြေးက‌‌လည်းမနည်းမနောပဲ

၂၀၀၃ ခုနှစ်ကတည်းက တက်စလာ ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပြီး အဓိက လျှပ်စစ်မော်တော်ကားတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး အီလွန်မက်စ်ဟာ Trademark ပေါင်းများစွာအောက်ကနေ တခြားပစ္စည်းအမျိုးအမည်တွေကိုပါ ထုတ်လုပ်ဖို့စီစဉ်နေသူတစ်ဦးပါ။

Elon Musk ရဲ့လက်ရှိလုပ်ငန်းများ (image via TIME)
Elon Musk ရဲ့လက်ရှိလုပ်ငန်းများ (image via TIME)

လက်ရှိသူလုပ်ကိုင်အောင်မြင်နေတဲ့ လုပ်ငန်းတွေကြားမှာ တက်စလာပြီးရင် နာမည်အကြီးဆုံးက စတားလင့်ခ်အင်တာနက်ဝန်ဆောင်မှုပါ။စတားလင့်ခ်ဟာ ပုံမှန်ဖိုင်ဘာကြိုးတွေကနေ အင်တာနက်ယူတာမဟုတ်ပဲ ကမ္ဘာ့အပြင်ဂြိုလ်တုကလွှင့်တဲ့ အင်တာနက်ကိုယူရတာမလို့ ကမ္ဘာ့အနှံ့အပြားကနေ ဖမ်းယူအသုံးပြုနိုင်ပါတယ်။နောက်ထပ်သူစမ်းသပ်နေတဲ့ နည်းပညာတစ်ခုကတော့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေ ဦးနှောက်ထဲချပ်စ်ပြားတစ်ခုထည့်ပြီး လျှပ်စစ်ပစ္စည်းတွေကို ချိတ်ဆက်စေခိုင်းလို့ရနိုင်မယ့် နျူရာလင့်ခ်ဆိုတဲ့ နည်းပညာဖြစ်ပါတယ်။

နျူရာလင့်ခ်နည်းပညာ (image via New York Post)
နျူရာလင့်ခ်နည်းပညာ (image via New York Post)

အီလွန်မက်စ်တီထွင်နေသမျှထဲမှာ လူစိတ်အဝင်စားဆုံးနောက်တစ်ခုကတော့ တက်စလာဖုန်းပါ။မော်ဒယ်ကို Pi (π) လို့အမည်ပေးထားတဲ့ဒီဖုန်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ စတားလင့်ခ်အင်တာနက်ကို ကမ္ဘာပေါ်မှာ ဘယ်နေရာရောက်ရောက်ချိတ်သုံးနိုင်တာတွေ၊ဖုန်းထဲမှာ Build-in ဆိုလာပါလို့နေပူထဲမှာ အားပြန်သွင်းနိုင်တာတွေ၊တက်စလာကားတွေကိုထိန်းချုပ်မောင်းနှင်နိုင်တာတွေပါဝင်ပါတယ်။ဂြိုလ်တုနဲ့ချိတ်ဆက်နိုင်မှာဖြစ်တဲ့အတွက် ဆင်းကဒ်တွေ၊eSIM တွေမလိုတော့ပဲ ဖုန်းကိုအလွတ်အသုံးပြုနိုင်မှာပါ။

image via ScreenRant
image via ScreenRant

အထူးခြားဆုံးကတော့ နျူရာလင့်ခ်ချပ်စ်ပြားတွေကို ဦးနှောက်ထဲထည့်ထားသူတွေဆို ဖုန်းကိုစိတ်နဲ့တင်ထိန်းချုပ်နိုင်မှာကြောင့် မသန်စွမ်းသူတွေအတွက် တော်တော်အဆင်ပြေသွားမှာပါ။Google Assistance,Siri တို့လိုမျိုး ပါးစပ်ကပြောစရာမလိုပဲ အတွေးနဲ့တင်ထိန်းချုပ်နိုင်တာကြောင့် သက်ကြီးရွယ်အိုတွေ၊လုံးဝမလှုပ်ရှားနိုင်သူတွေအတွက် ပိုတောင်အဆင်ပြေနိုင်ပါတယ်။

ချပ်စ်ပြားထည့်ထားတဲ့မျောက်လေးကိုဂိမ်းဆော့ခိုင်းနေစဉ်
ချပ်စ်ပြားထည့်ထားတဲ့မျောက်လေးကိုဂိမ်းဆော့ခိုင်းနေစဉ်

တက်စလာဖုန်းဟာ ၂၀၂၃ ခုနှစ်လောက်မှာ ထွက်လာနိုင်တယ်လို့ တော်တော်များများကခန့်မှန်းထားကြပါတယ်။ခန့်မှန်းခြေဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာရှိနိုင်ပြီး မြန်မာငွေ ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားလောက်မှာရှိနိုင်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T