FDA အသိအမှတ်ပြု အဆီကျ ဆေးအသစ်က ပေါင် 50 ကျော် ကျစေကြောင်း‌တွေ့ရှိ

//s9.kh1.co/c7/c77ae0ad6a6cb77049e110172358c8aaa3d457c8.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၇-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

လေ့လာမှုမှာ ဝိတ်ချတဲ့ လူတွေဟာ ၄၉ ပေါင်လောက်ကျခဲ့ကြပြီး၊ ၄၉ ပေါင်ဆိုတာ ခွဲစိတ်မှပဲ ရနိုင်မယ်လို့အရင်က ထင်ခဲ့ကြပါတယ်...

ဆီးချိုရောဂါကို ကုသရန် မကြာသေးမီက အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အတည်ပြုထားတဲ့ ဆေးတမျိုးဟာ ဆီးချိုရောဂါမရှိတဲ့ လူများကို ကိုယ်အလေးချိန်လျှော့ချရာတွင်လည်း အထောက်အကူပြုနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ Mounjaro အမှတ်တံဆိပ်ဖြင့် ရောင်းချတဲ့ Tirzepatide ဆေးကို 5၊ 10 နှင့် 15 မီလီဂရမ်ဆိုပြီး ဆီးချိုရောဂါမရှိသူတွေမှာလည်း ပမာဏသုံးမျိုး သောက်သုံးလို့ရပါတယ်။ အဝလွန်သူများအနေနဲ့ ဆေး 5-မီလီဂရမ် သောက်ပါက ပျမ်းမျှ 35 ပေါင် (16 ကီလိုဂရမ်) ကျသွားပြီး၊

အဆီများတာ ကျန်းမာရေးကို ထိခိုက်စေပါတယ်
အဆီများတာ ကျန်းမာရေးကို ထိခိုက်စေပါတယ်

10 မီလီဂရမ် သောက်ပါက  49 ပေါင် နဲ့ 15-မီလီဂရမ် သောက်ပါက 52 ပေါင်လောက် ကျခဲ့ကြပါတယ်။ “ဆေးသောက်သူ 40% နီးပါးဟာ ကိုယ်အလေးချိန်ရဲ့ လေးပုံတစ်ပုံလောက် ဆုံးရှုံးခဲ့ပါတယ်” လို့ Yale Center for Weight Management ရဲ့ ပူးတွဲဒါရိုက်တာ ဒေါက်တာ Ania Jastreboff က မီဒီယာများကို ပြောကြားခဲ့ပါတယ်။ လေ့လာမှုရလဒ်များကိုတင်ပြတဲ့ New Orleans ရှိ 82 ကြိမ်မြောက် သိပ္ပံပညာဆိုင်ရာအစည်းအဝေးများမှ အမေရိကန်ဆီးချိုရောဂါအသင်းရဲ့ ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဒေါက်တာ Robert Gabbay က "ဒေတာက အတော်လေးကို အထင်ကြီးစရာကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

လေ့ကျင့်ခန်းလည်း လုပ်ဖို့လို 
လေ့ကျင့်ခန်းလည်း လုပ်ဖို့လို 

“ဒီလေ့လာမှုမှာ ဝိတ်ချတဲ့ လူတွေဟာ ၄၉ ပေါင်လောက်ကျခဲ့ကြပြီး၊ ၄၉ ပေါင်ဆိုတာ ခွဲစိတ်မှပဲ ရနိုင်မယ်လို့အရင်က ထင်ခဲ့ကြပါတယ်” လို့ ၎င်းက ဆိုပါတယ်။ အားလုံးကို ခြုံငုံကြည့်လျှင် ဆီးချိုရောဂါမရှိသူများဟာ 72 ပတ်ကြာ လက်တွေ့စမ်းသပ်မှုအတွင်း သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်မှ 15% မှ 20.9% အထိ လျော့ကျသွားကြောင်း The New England Journal of Medicine မှာ ဖော်ပြထားပါတယ်။ Tirzepatide ဟာထိုးဆေးလည်းရှိပြီး လေ့လာမှုအသစ်တခုမှာ၊ ဆီးချိုမရှိသူ 2500 ကျော် ကို ကိုယ်အလေးချိန်နှင့် ဆက်စပ်သော ကျန်းမာရေးအခြေအနေများဖြစ်တဲ့

ဆီးချိုဆေးတွေ
ဆီးချိုဆေးတွေ

သွေးတိုးရောဂါရှိသူများ၊ ကိုလက်စထရောမြင့်မားသူများ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများ ကို ကုသနိုင်ကြောင်း ရလဒ်များအရသိရပါတယ်။ "အဝလွန်ခြင်း ကဲ့သို့သော နာတာရှည်ရောဂါများဟာ ထိရောက်ပြီး ဘေးကင်းတဲ့ နည်းလမ်းများဖြင့် ကုသသင့်ပြီး အခုရလဒ်များအရ tirzepatide ဆေးဟာ ဘေးကင်းပြီးထိရောက်တယ် လို့ Yale အလေးချိန် စီမံခန့်ခွဲရေးစင်တာမှ Jastreboff မှ ပြောကြားထားပါတယ်။

Photo-credit

သတင်း အရင်းအမြစ်CNN

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T