လေယာဉ်ပျံအရုပ်နဲ့ ချစ်ကျွမ်း၀င်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကောင်မလေး

//s9.kh1.co/bc/bc37fe3a05fbc2375a24b9c9b26f0f0eda624414.jpg
MPT
 ၃၁-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

လေယာဉ်ပျံအရုပ်နဲ့ ချစ်ကျွမ်း၀င်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ ကောင်မလေး

အသက် ၂၃ နှစ်အရွယ် Sarah Rodo ဟာ လေအရုပ် Boeing 737 ကို သူ့ရဲ့ချစ်သူအဖြစ် ရည်ညွှန်းပါတယ်။ သူမဟာ လေယာဉ်ကို တက်နိုင်သမှျ အမြဲစီးတက်ပြီး အိမ်တွင် ပုံစံတူ လေယာဉ် အစင်း ၅၀ ထားရှိထားပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/72/7257ca7c44d87903b621caadb261ee2f479ccd04.webp

Sarah ဟာ သူမရဲ့လေယာဉ်ကို Boeing Dicki လို့နာမည်ပေး ခေါ်ဆိုပြီး ဂျာမနီတွင် တရားမဝင်‌ေပမယ့်လည်း တစ်နေ့တွင် လက်ထပ်ရန် မျှော်လင့်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=404,q=100/af/af101452c03191c54877a68c58de03294653fc96.webp

သူမက အရင်ယောက်ျားတွေနဲ့ချစ်တုန်းက ခုလိုလေယာဉ်ပျံလောက် မြင့်မြင့် မပျံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ Dortmund တွင်နေထိုင်သူဟာ Objectum Sexual အဖြစ်သတ်မှတ်ထားပြီး ဆိုလိုသည်မှာ သူမဟာ သက်မဲ့အရာဝတ္တုများကို လိင်ပိုင်းဆိုင်ရာအရ ကြိုက်နှစ်သက်မှု ရှိပါတယ်။ သူမဟာ ရထားတွေကိုလည်း ချစ်မြတ်နိုးပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a6/a6e7298eb14e2af7df1cd911590e4642531f3816.webp

Sarah က “ကျွန်မလေယာဉ်ကို Dicki လို့ခေါ်ပါတယ်။ ကျွန်မက သူ့နဲ့ပတ်သက်တဲ့ အရာအားလုံးကို နှစ်သက်ပါတယ်၊ ဒါပေမယ့် အထူးသဖြင့် သူ့မျက်နှာ၊ အတောင်ပံတွေနဲ့ အင်ဂျင်တွေက ကျွန်မအတွက် အရမ်း sexy ဖြစ်နေတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/70/700380018450bab8d0ea25bf355a8eb27a943c0d.webp

တချို့လူတွေက ကျွန်မအချစ်ကို နားမလည်ပေမယ့် ကျွန်မသူငယ်ချင်းတွေက ကျွန်မရဲ့ထွက်ပေါက်ကို ကောင်းကောင်းကြီးလက်ခံပြီး ကျွန်မကို အားပေးကြပါတယ်။" သူမအချစ်ကိုတော့နားမလည်နိုင်ပေမယ့် သူမအနေနဲ့ တကယ်ကိုကောင်းမွန်တဲ့ သူငယ်ချင်းတွေပိုင်ဆိုင်ထားတာတော့ အမှန်ပါပဲ။