နီပေါအမျိုးသားတစ်ဦးဟာ အရပ် ၇၃.၄၃ စင်တီမီတာ (၂ပေ ၄.၉လက်မ)ဖြင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားဆယ်ကျော်သက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Dor Bahadur Khapangi အသက် 18 နှစ်အား တနင်္လာနေ့တွင် ခတ္တမန္ဒူမှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်လက်မှတ် ပေးအပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဓာတ်ပုံထဲမှာဆိုရင် အခမ်းအနားပွဲကို လိုက်ပို့ပေးတဲ့ သူ့ရဲ့အကိုဖြစ်သူ Nara Bahadur Khapanhi နဲ့ နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ရဲ့ CEO Dhananjay Regmi တို့နဲ့အတူ တွေ့ရှိရပါတယ်။

နိုင်ငံရဲ့ အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ ကျင်းပတဲ့ ပွဲမတိုင်မီ သူ့ရဲ့တူမငယ် Om Kumari Pulami Magar နှင့် လမ်းလျှောက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Dor's Guinness World Records လက်မှတ်တွင် " အသက်အတိုဆုံး ဆယ်ကျော်သက် (အမျိုးသား) မှာ Dor Bahadur Khapangi (Nepal၊ b. 14 November 2004) ဖြစ်ပြီး ပျမ်းမျှအားဖြင့် 73.43cm ( ၂ပေ ၄.၉လက်မ) ကို မတ်လ 23 ရက်နေ့တွင် နီပေါနိုင်ငံ Kathmandu 2022 ခုနှစ်တွင် တိုင်းထွာခဲ့သည်။ " လို့ရေးသားထားပါတယ်။ ယခင်က အိန္ဒိယနိုင်ငံမှ Jyoti Amge ကို ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့အရပ်အတိုဆုံး ဆယ်ကျော်သက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

သူမဟာ ၂၀၁၁ ခုနှစ်တွင် ၁၈ နှစ်မြောက်မွေးနေ့မှာ အရပ် ၆၂.၈ စင်တီမီတာ (၂ ပေ ၀.၇၂ လက်မ) ရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် အတည်ပြုခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ စံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ Jyoti ဟာ 2010 ခုနှစ်တွင် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားဆယ်ကျော်သက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ နီပေါနိုင်ငံမှ Khaagendra Thapa Magar နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။

ထိုအချိန်တွင် သူမက “ကမ္ဘာ့အရပ်အပုဆုံးလူကိုတွေ့ပြီး သူ့ကိုသိလိုက်ရတဲ့အခါ အရမ်းပျော်သွားတယ်။ ကျွန်မလည်း ကျွန်မနဲ့တူတဲ့သူ ရှိလို ကျေနပ်ပျော်ရွှင်မိပါတယ်" Khaagendra ဟာ 2020 အသက် 27 နှစ်တွင် ဝမ်းနည်းစွာ ဆုံးပါးသွားခြင်းမပြုမီ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားဖြစ်လာခဲ့ပါတယ်။
