ဧဝရတ်တောင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်လို့ ကျွန်တော်တွေ ငယ်ငယ်လေးကတည်းက သိထားကြပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၈၈၄၈ မီတာ (၂၉၀၂၉ ပေ) မှာရှိပြီး (aka Sagarmāthā သို့မဟုတ် Chomolungma) တောင်လို့ ခေါ်ကြပါတယ်။ တကယ်တော့ ဧဝရတ်တောင်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ဆိုတာ မဟုတ်ပါဘူး။

ဒါဆိုဘယ်တောင်က အမြင့်ဆုံးလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကမ္ဘာ့ပေါ်မှာ အမြင့်ဆုံးတောင်ကတော့ အမေရိကန်နိုင်ငံက၊ Hawaii ရှိ Mauna Kea (တောင်တန်းဖြူ) ပဲဖြစ်ပါတယ်။ သူ့ရဲ့ အမြင့်က ၁၀၂၀၅ မီတာ ( ၃၃၄၈၀ ပေ) ရှိပြီး တောင်တစ်လုံးရဲ့ ၆၀ % နီးပါးဟာ ရေအောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

Mauna Kea တောင်ရဲ့ အထွတ်အထိပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၂၀၅ မီတာ ( ၁၃၇၉၆ ပေ) ရှိပြီး ဒါပေမယ့် တောင်ရဲ့ အခြေစိုက်စခန်း စတင်မည့် နေရာအတိအကျနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုများရှိနေဆဲဖြစ်ပါတယ်။ တောင်ရဲ့ ကမ်းနားတစ်ဝိုက်ရှိပင်လယ်ကြမ်းပြင်ရဲ့ အနက်ဟာ ၂,၀၀၀ မှ ၃,၀၀၀ ဖာတန် (၃,၆၅၇ မှ ၅,၄၈၆ မီတာ) အကြားမှာရှိပါတယ်။

ဧဝရတ်တောင်ဟာ Mauna Kea တောင်ထက်နိမ့်နေပေမယ့် ကမ္ဘာရဲ့ အလယ်ဗဟိုကနေ အဝေးဆုံး တောင်ထွတ်ဖြစ်နေဆဲလို့ ဆိုပါတယ်။ အလားတူ Andes ရှိ Chimborazo တောင်ထိပ်ဟာ နည်းပညာအရ ၆၃၁၀ မီတာ (၂၀၇၀ ပေ) သာမြင့်ပေမယ့် ကမ္ဘာ့အလယ်ဗဟိုကနေ အဝေးဆုံး တောင်ထွတ်ဖြစ်နေခဲ့ပါတယ်။

Photo Credit - From Google
Source - Guinness World Records.com