ဘုရားကျွန်ဆိုတာဘာလဲဟု တစ်စုံတစ်ယောက်ကမေး လိုက်လျှင်ပုဂံဘုရားတွေကိုသာပြေးမြင်မိပါတယ်။
ဘုရားကျွန်ဆိုသောလူများကိုပုဂံဘုရားများ၌သာတွေ့ရသည်မဟုတ်ပါလား။ တိတိပပပြောရလျှင်ဘုရားကျွန်များသည် ကျောက်စာများအရအနော်ရထာမင်းလက်ထက်ကမှ စင်ပေါ်ပေါက်ခဲ့ပါတယ်။မြန်မာလူမျိုးတွေက ဘုရားကျွန်ကို လူတွေနဲ့တစ်တန်းတစ်စားထဲ ဆက်ဆံတာမျိုးမလုပ်ခဲ့ကြတဲ့ အလေ့အထတစ်ခုရှိခဲ့ပါတယ်။

ဒီအလေ့အထကဘာလို့ဖြစ်လာသလဲဆိုတော့ ဘုရားကိုလာပြီး ဆွမ်းတော်ကျတွေကို လာရောက်တောင်းစားတဲ့ ဒွန်းစကားသူတောင်းစားတွေနဲ့ ဘုရားကျွန်တွေဟာ ထိတွေ့ဆက်ဆံရပါတယ်။ ဒီလိုနဲ့အဆိုပါလူတွေနဲ့ ဘုရားကျွန်တွေကိုတစ်တန်းတစ်စားထဲသတ်မှတ်လိုက်ကြတယ်။

ဘုရားကျွန်ရဲ့ဆိုလိုရင်းကလည်းကလည်းဘုရားရဲ့ ဝေယျာဝစ္စတွေကို အချိန်ပြည့်လုပ်ဆောင်ပေးနိုင်တဲ့ဘုရားဂေါပကလိုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အနော်ရထာမင်းကြီးကမနူဟာမင်းကြီးကိုသူ့ကိုယ်စားဘုရားကိုဘုရားကျွန်အဖြစ်လှူဒါန်းစေခဲ့တာမျိုးပါ။

ဘုရားကျွန်တွေကိုဘုရားကိုလှူရင်လည်း လယ်ယာမြေတွေကိုပါ ဘုရားဝတ္တကမြေအဖြစ်လှူဒါန်းရပါတယ်။အဲ့ဒီလယ်မြေတွေကထွက်တဲ့သီးနှံရိက္ခာတွေကိုရောင်းချပြီ ဘုရားရဲ့ကုန်ကျငွေတွေဘုရားကျွန်တွေရဲ့အသုံးစရိတ်တွေကိုဖြည့်တင်းကြရပါတယ်။တကယ်တော့ဘုရားကျွန်တွေလို ဘုရားကိုလှူခြင်းဟာ ရည်ရွယ်ချက်ဟာမွန်မြတ်တယ်။ဘုရားကျွန်ဆိုတာလည်းနိမ့်ကျတဲ့လူတန်းစားမဟုတ်ဘဲဘုရားကိုအလုပ်အကျွေးပြုတဲ့ကုသိုလ်ပြုကြတဲ့ လူတန်းစားတစ်ရပ်သာ ဖြစ်ပါတယ် ...