Torrent Site ကရုပ်ရှင်ကားတွေကို မိုဘိုင်းဖုန်းနဲ့အလွယ်တကူ ဘယ်လိုဒေါင်းလုပ်ဆွဲကြမလဲ

//s9.kh1.co/41/414c1c89ab7beb4b3d08cdc743504ca1e29d7f75.jpg
MPT
 ၂၃-ပြီ-၂၀၂၂ ၆pm · လွန်ခဲ့သော ၄ နှစ် က

Torrent Site ကရုပ်ရှင်ကားတွေကို မိုဘိုင်းဖုန်းနဲ့အလွယ်တကူ ဘယ်လိုဒေါင်းလုပ်ဆွဲကြမလဲ

Covid-19 ရောဂါစဖြစ်ကတည်းက ရုပ်ရှင်ရုံတွေလည်းပိတ်၊ရုပ်ရှင်ထုတ်လုပ်ရေးတွေလည်းအကုန်ရပ်နားရပြီး ရုပ်ရှင်ကြိုက်တဲ့ပရိသတ်တွေတော်တော်များများလည်း ရုံတွေမှာကြည့်မရတော့တာကြောင့် Netflix တို့လို Streaming Service တွေကိုပဲ အားကိုးနေကြရပါတယ်။ဒါပေမဲ့ Streaming Service တွေပေါ်မှာကတချို့ရုံတင်ရုပ်ရှင်ကားကြီးတွေမရှိတဲ့အတွက် တော်တော်လေးကိုတိုင်ပတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ad/ad96b26305c58f73ffc1d254f8e8255fb4219ebe.png

အဲ့လိုအခြေအနေနဲ့ကြုံရပြီဆို အရင်ဆုံးပြေးစဥ်းစားမိကြမှာ Torrent Site တွေကနေ ရုပ်ရှင်တွေဒေါင်းလုပ်ဆွဲကြဖို့ပါ။ဒါပေမဲ့ အဲ့လို Site တွေကနေဒေါင်းဖို့က အလုပ်လည်းရှုပ်ပြီး ခက်လည်းခက်တာများပါတယ်။အဲ့အပြင် Torrent Site တွေကနေဒေါင်းလုပ်ဆွဲတာက ရုပ်ရှင်အတွက်ဘာအကျိုးအမြတ်မှမရပဲ ကိုယ်ကအလကားခိုးကြည့်လိုက်သလိုပုံစံကြီးပါ။ဒါပေမဲ့တခြားကလည်းကြည့်စရာမရချိန်မှာတော့ Torrent တွေကပဲဒေါင်းရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/75/755fafeb0aac0c97f51f059c64335d102f7b2d6e.png

အကောင်းဆုံးဝက်ဆိုဒ်ကတော့ Google မှာ YTS လို့ရိုက်ရှာလိုက်ရင် ထိပ်ဆုံးမှာပေါ်လာတဲ့ YIFY Movie Download ဖြစ်ပါတယ်။ဒီဝက်ဆိုဒ်ဟာ Torrent တွေထဲမှာအမြန်ဆုံးနဲ့ အလွယ်ကူဆုံးပါ။ရုပ်ရှင်ဇာတ်ကားတွေအများကြီးလည်းရှိပြီး ရုပ်ရှင်အသစ်တွေကလည်း အမြဲတမ်း Update တွေနဲ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=282,q=100/8e/8ec570e3c4758fde54fb4eadb1a7ff6f59144250.png

ဒီဝက်ဆိုဒ်ကိုအသုံးပြုဖို့ Torrent Download application တစ်ခုနဲ့ VPN တစ်ခုလိုအပ်မှာပါ။VPN ကတော့ paid VPN ဖြစ်ရင်ပိုကောင်းပြီး Torrent application ကတော့ uTorrent ဆိုတဲ့ application ကအဆင်အပြေဆုံးပါ။

https://s9.kh1.co/__image/w=650,h=1210,q=100/52/5235cc3bc4d56ccd2860ad35636f27e9d16da2b9.png

ပထမဆုံးအဆင့်အနေနဲ့ VPN ကိုဖွင့်ထားပြီး Browser တစ်ခုနဲ့ဝက်ဆိုဒ်ထဲဝင်ပြီး ဒေါင်းလုပ်ဆွဲချင်တဲ့ ရုပ်ရှင်ကားကိုရှာရပါမယ်။ရှာတွေ့ပြီဆိုဘေးမှာ Quality ရွေးပြီးဒေါင်းလုပ်ဆွဲဖို့ link ကိုအရင်ဒေါင်းရမှာပါ။

https://s9.kh1.co/__image/w=591,h=1280,q=100/ad/adf2f66237c54800f30fa491ec271cff38dc5b1b.png

အဲ့လိုဆွဲလိုက်တာနဲ့ screen ထိပ်ပေါ်မှာ link ကိုဖွင့်ဖို့ပေါ်လာမှာဖြစ်ပြီး ဝင်လိုက်တာနဲ့ ကြိုတင်ထည့်သွင်းထားတဲ့ torrent application ထဲဝင်သွားမှာဖြစ်ပါတယ်။အထဲကိုဝင်လိုက်တာနဲ့ အလိုလိုဒေါင်းလုပ်စတင်ဆွဲနေပါပြီ။

https://s9.kh1.co/__image/w=650,h=1239,q=100/12/1283fb96b417755a70c8fd4f0ae4614d75bf2e72.png

ဝင်ကြည့်လိုက်ရင်ရုပ်ရှင်ကားနဲ့အတူ ဝက်ဆိုဒ်ရဲ့ကြော်ညာတွေဓာတ်ပုံတွေကိုပါ ဒေါင်းလုပ်ဆွဲနေပါပြီ။

https://s9.kh1.co/__image/w=650,h=1215,q=100/8d/8d09ac1e5f4597882bce96129853881baee6ea93.png

တချို့ရုပ်ရှင်ကားတွေမှာ စာတန်းထိုးဖို့ Subtitle File ကိုပါတခါတည်းဒေါင်းလုပ်ဆွဲကြပေမဲ့ တချို့ကားတွေမှာတော့ ဝက်ဆိုဒ်ထဲပြန်ဝင်ပြီးအောက်က Download Subtitle ထဲမှာပြန်ဒေါင်းရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=1252,q=100/86/8630e9de00a31abfbf98c20620528a1769bc76a3.png

ဒီဝက်ဆိုဒ်ဟာလိုင်းကောင်းရင်ကောင်းသလို ဒေါင်းလုပ်ဆွဲတာမြန်ပြီး တခြားဝက်ဆိုဒ်တွေလိုမျိုး ရက်နဲ့ချီကြာတာကြီးတွေတော့မဖြစ်ပါဘူး။ဒါကြောင့်ကိုယ်ကလက်ရှိနိုင်ငံတကာမှာ ရုံတင်နေတဲ့ရုပ်ရှင်ကားသစ်တွေကို ဦးဦးဖျားဖျားလည်းကြည့်ချင်တယ်ဆိုရင်တော့ အကောင်းဆုံး Torrent ဆိုဒ်ဖြစ်တဲ့ဝက်ဆိုဒ်ကနေ ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်ပါတယ်။