အရောင်တွေရဲ့ အဓိပ္ပါယ် ….

//s9.kh1.co/bb/bbe196e12b6000257efdc80b474575b292016ee1.jpg
MPT
 ၂၁-ပြီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

အရောင်တွေရဲ့ အဓိပ္ပါယ် ….

အရောင် တစ်ခုချင််းစီမှာ အဓိပ္ပါယ်တွေ ရှိကြပါတယ်။ ကိုယ် ဘာအရောင်ကြိုက်လဲ ? ဘယ်လို အဓိပ္ပါယ်ရှိလဲ ? ကိုယ့် ချစ်သူ၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့် မိသားစုတွေကရော ဘာအရောင်လေးတွေ ကြိုက်တတ်လဲ? ဒီလို သူတို့ ကြိုက်နှစ်သက်တဲ့ အရာလေးတွေက တစ်ဆင့် သူတို့ စိတ်ထားလေးတွေကိုလည်း သိနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်အရောင်က ဘယ်လို အဓိပ္ပါယ်ရှိလဲ ဆိုတာ လေ့လာကြည့်ရအောင် ….

https://s9.kh1.co/__image/w=500,h=375,q=100/d0/d0b248904cdd80e1e235b190ce2cf04c007543e7.webp

အနီရောင်

အင်အား ကြီးမားခြင်း၊ စိတ်အား ထက်သန်ခြင်း၊ ထက်မြတ် ဖျတ်လတ်ခြင်း၊ ရည်ရွယ်ချက် ကြီးမားခြင်း၊ ဆုံးဖြတ်ချက် ခိုင်မာခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ စိတ်ဆိုးခြင်း၊ ထိတ်လန့်ဖွယ်ကောင်းခြင်း၊ အန္တရယ်ရှိခြင်း … စသည်ဖြင့် သဘောဆောင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/49/49e1e752eb5a0fff175b06a2fb7c1121c8d6c2c9.jpg

အဝါရောင်

ပျော်ရွှင်ခြင်း၊ တောက်ပခြင်း၊ မျှော်လင့်ခြင်း၊ သတိပေးတားမြစ်ခြင်း၊ မရိုးသားခြင်း တို့ကို အဓိပ္ပါယ် ဆောင်ပါတယ်။

https://s9.kh1.co/__image/w=184,h=274,q=100/91/9174b825ee4ea8393a478dc680e181dc8255d035.jpg

လိမ္မော်ရောင်

လူမှု ဆက်ဆံရေးကောင်းမွန်ခြင်း၊ အကောင်းမြင်ဝါဒ ရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။

https://s9.kh1.co/__image/w=380,h=300,q=100/ba/ba99ce30e05e1d8bf257bf6ba5eb0f3463f95d4b.jpg

အစိမ်းရောင်

တရားမျှတခြင်း၊ ကံကောင်းခြင်း၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ အကောင်းမြင်တတ်ခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖော်ဆောင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/5b/5b94efec9a555cd5566241c2f1552203fb5e2582.jpg

အပြာရောင်

ယုံကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e1/e1d5e3f110a0d15307d52a5fd63d939b7799e72f.jpg

မဲနယ်ရောင်

အလိုလို သိခြင်း၊ စိတ်ကူးယဉ်ခြင်း၊ စိတ်ကူးကောင်းများ ရှိခြင်းတို့ကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

https://s9.kh1.co/__image/w=540,h=360,q=100/53/53d27bda9914cc591f2365ddb6f7ed7a56bc22e5.jpg

ခရမ်းရောင်

စိတ်ကူးပုံဖော်ခြင်း၊ ဖန်တီးမှု အားကောင်းခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/08/08997976c113e67f3e7a69dfbf83990dacae9356.png

ပန်းရောင်

လှပခြင်း၊ နုပျိုခြင်း၊ သဘာဝအတိုင်း တည်ရှိခြင်း၊ ယုယကြင်နာခြင်း၊ ချစ်ခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/1f/1fc76afd07eaa8035707255a81e11aa8269dfe9a.jpg

ပန်းခရမ်းရောင်

လိုက်လျောညီထွေမှု ရှိခြင်း၊ စိတ်ခံစားမှု ညီမျှခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/07/075c4192fc030d1fae6a399b6f2f4ed0bae089a7.jpg

အညိုရောင်

နွေးထွေးမှုပေးခြင်း၊ ကာကွယ်မှု ပေးခြင်း၊ မေတ္တာတရား ကြီးမားခြင်း၊ ယုံကြည်အားထားရခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c4/c4ba68ed00dbd451df49b3438fa66953898c0ffc.jpg

ခဲရောင်

ပဟေဠိဆန်ခြင်း၊ နားလည်ရခက်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ အသိဉာဏ် ကြွယ်ဝခြင်း၊ ဂုဏ်သိက္ခာ ကြီးခြင်း၊ စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

https://s9.kh1.co/__image/w=195,h=258,q=100/41/41f1da1412641e93e357d38a1fff2937fc3a9207.jpg

ရွှေရောင်

ကျက်သရေ ရှိခြင်း၊ ခန့်ညားခြင်း၊ တန်ဖိုးရှိခြင်း၊ ချမ်းသာ ကြွယ်ဝခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖော်ဆောင်ပါတယ်။

https://s9.kh1.co/__image/w=650,h=313,q=100/06/06bc46419a8715d7da5df27c56d0b66e61a490e5.jpg

အဖြူရောင်

သန့်စင်ခြင်း၊ စင်ကြယ်ခြင်း၊ ဖြူစင်ခြင်း၊ အပြစ်ကင်းမဲ့ခြင်း၊ ပြီးပြည့်စုံခြင်း၊ ရိုးသားခြင်း၊ သန့်ရှင်း သပ်ရပ်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/3e/3e2db6132cb8bc54ae7e466553843eba9ac26668.jpg

အမဲရောင်

ဝမ်းနည်းခြင်း၊ လျှို့ဝှက်ခြင်း၊ ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းခြင်း၊ ထက်မြတ်ခြင်း၊ ကြွယ်ဝခြင်း၊ ခန့်ညား တင့်တယ်ခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖော်ဆောင်ပါတယ်။