အီစတာကျွန်းလို့ ဘာကြောင့် နာမည်ကြီးခဲ့တာလဲ

//s9.kh1.co/3b/3b6a408f19636aef42c83f95b9b888e2b163a9af.jpg
MPT
 ၀၆-ပြီ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

အီစတာကျွန်းလို့ ဘာကြောင့် နာမည်ကြီးခဲ့တာလဲ

တောင်ပစီဖိတ် သမုဒ္ဒရာအတွင်းမှာ တည်ရှိတဲ့ အီစတာကျွန်းဟာ လက်ရှိမှာ မိုအာ ရုပ်တုဟု အဓိပ္ပာယ်ရတဲ့ လူသားပုံစံ ကျောက်ရုပ်ထုတွေကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ကျော်ကြားနေတဲ့ ကျွန်းတစ်ကျွန်းပဲ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဒီကျွန်းကို Rapa Nui လို့လည်း လူသိများပါတယ်။ အီစတာကျွန်းဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပစိဖိတ်ကျွန်းထဲက ပထမဆုံး ကျွန်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=421,q=100/9b/9b2a16807cb9973d67cb5986a7483dd2dab7abb2.jpg

ချီလီနိုင်ငံ အနောက်ဘက် ၃၇၀၀ ကီလိုမီတာ အကွာမှာ တည်ရှိတာကြောင့် ကမ္ဘာပေါ်မှာ အစွန်အဖျားအရှိဆုံးကျွန်းများထဲမှ တစ်ခုပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကတော့ ပိုလီနီးရှန်းယဉ်ကျေးမှုမထွန်းကားမီ အီစတာကျွန်းမှာ မည်သူတွေနေထိုင်ခဲ့တာလဲ ဆိုတာပါ။ ပိုလီနီးရှန်းလူမျိုးများဟာ ဝိုင်အီ၊ အီစတာကျွန်း၊ တဟီတီနှင့် တွန်ဂါစတဲ့ ဒေသများမှာ အခြေချနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=446,q=100/d0/d07e5efcbf146bac1f8a754b122edca65c239bc8.jpg

ဒါပေမယ့် ပထမဆုံး ကျွန်းမှာနေထိုင်သူတွေကတော့ Rapa Nui လူများဖြစ်ပြီး မိုအာ ရုပ်ထုတွေကို တည်ခဲ့တာလို့လည်း ဆိုပါတယ်။၁၉၅၀ ပြည့်လွန်နှစ်များက ယခင်ယဉ်ကျေးမှုအရ တည်ဆောက်ခဲ့တဲ့ အဆောက်အဦအချို့ကို ပညာရှင်တွေက ပြန်လည်တူးဖော်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=494,q=100/87/876251d3e6d73135550c83086fe841f2cbd462fe.jpg

သဘာဝတရားရဲ့ ရိုက်ခတ်မှုကြောင့် ရုပ်ထုအချို့ကတော့ မြေကြီးထဲမှာ နစ်မြှုပ်နေခဲ့ပါတယ်။ ထွင်းထုထားတဲ့ ရုပ်ထုတွေဟာ ကျွန်းမှာ နေထိုင်ခဲ့သူတွေက ၎င်းတို့ရဲ့ သေဆုံးသွားတဲ့ ဘိုးဘေးများကို အထိမ်းအမှတ်အဖြစ် ထွင်းထုထားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=370,q=100/b6/b68ff7d2f540f326e75edcb41b2c73c03436f6eb.jpg

ရုပ်ထုတွေကိုတော့ သမိုင်းပညာရှင်များက စီအီး ၁၀၀၀ ဝန်းကျင်မှ ၁၇ ရာစုရဲ့ ဒုတိယနှစ်ဝက်အထိ ထွင်းထုပြုလုပ်ခဲ့ကြတာလို့ ယူဆထားကြပါတယ်။