လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာ့ ရှည်လျားဆုံး Odachi ဓားကြီး

//s9.kh1.co/cd/cde0e313aa7d0b6e6cad1ceab7da1fd5cb944630.jpg
MPT
 ၀၆-ပြီ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာ့ ရှည်လျားဆုံး Odachi ဓားကြီး

ဂျပန်နိုင်ငံက Norimitsu Odachi လို့ခေါ်တဲ့ ဧရာမဓားကြီးဟာ ယနေ့အချိန်ထိ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ အံ့ဖွယ်ဓားကြီး တစ်လက်ပဲ ဖြစ်ပါတယ်။ အဆိုပါဓားကြီးကို အေဒီ ၁၅ ရာစုလောက်က ပြုလုပ်ထားခဲ့တာ ဖြစ်ပြီး အရှည် ၁၂.၃၇ ပေ နှင့် အလေးချိန် ၃၁.၉၇ ပေါင်ထိရှိပါတယ်။

https://s9.kh1.co/__image/w=650,h=383,q=100/d5/d5498a67f8b06bc520152c346cecd060bbb4104b.jpg

ဂျပန်လူမျိုးများဟာ ယခင်က ဓားထုတ်လုပ်တဲ့နည်းပညာမှာ အလွန်တရား နာမည်ကြီးခဲ့ကြပါတယ်။ ဂျပန်ဓားဆရာများက ရာစုနှစ်အတွင်း ဓါးအမျိုးမျိုးကို ထုတ်လုပ်ထားခဲ့ပေမယ့် ယနေ့ခေတ်မှာ လူသိနည်းသွားခဲ့ကြပါတယ်။ လူသိနည်းတဲ့ ဓားအမျိုးအစားတွေထဲမှာ Odachi လို့ခေါ်တဲ့ ဧရာမဓားကြီးလည်း ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=462,q=100/b6/b672a5f0ac8f54af4ceae517883c3eb996670f55.jpg

Odachi ဓားတွေဟာ ပုံမှန်အားဖြင့် ကွေးနေပြီး အရှည် ၉၀ စင်တီမီတာကနေ ၁၀၀ စင်တီမီတာ (၃၅.၄၃ - ၃၉.၃၇ လက်မ) ခန့်ထိရှိကြပါတယ်။ အချို့ odachi များကတော့ အရှည် ၂ မီတာ (၆.၅၆ ပေ) ရှိတဲ့ ဓါးများလည်းပါရှိတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။ ဒီဓားတွေကို Nanboku-chō ခေတ်အတွင်း တိုက်ပွဲနယ်ပယ်တွေမှာ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=369,q=100/5c/5cfe9e86aea1a74538a52452e39c74b1ec3c8e15.jpg

ဓားကိုအသုံးပြုရာမှာလည်း နည်းလမ်းများစွာရှိခဲ့ပြီး အရှင်းဆုံးကတော့ ခြေလျင်တပ်သားတွေကသာ ဒီဓားကို ရိုးရိုးရှင်းရှင်းပဲ သုံးခဲ့ကြတာ ဖြစ်ပါတယ်။ အလွန်ရှည်လျားတဲ့ ဓားရှည်ကြီးကို သာမန်ထုတ်လုပ်ဖို့ မလွယ်ကူပေမယ့် ကျွမ်းကျင်တဲ့ ဓားသမားများကသာ ဓားတွေကို ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=935,q=100/52/52dc25dfc46af9f6e1812d456a978390262e4876.jpg

ပညာရှင်တွေကတော့ Norimitsu Odachi ဓားတွေကို တိုက်ခိုက်ရေးထက် ဓားသမားတွေရဲ့ စွမ်းရည်ကို ပြသဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် Odachi ဓားတွေကို ထုတ်လုပ်ရာမှာ အကုန်အကျများတာကြောင့် အလွန်ချမ်းသာနေမှရမည်ဖြစ်ပါတယ်။