အိန္ဒိယရှေးခေတ်သမိုင်းထဲက ကမ္ဘာ့ပထမဆုံး နျူကလီယား ပေါက်ကွဲမှုဖြစ်ရပ်

//s9.kh1.co/cf/cf14340ebc3337a4e0c47b30f22a2c2dbb30adb9.jpg
MPT
 ၀၅-ပြီ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

အိန္ဒိယရှေးခေတ်သမိုင်းထဲက ကမ္ဘာ့ပထမဆုံး နျူကလီယား ပေါက်ကွဲမှုဖြစ်ရပ်

လူ့ လောကရဲ့သမိုင်းဟာ အရမ်းကိုရှုပ်ထွေးပြီး သံသယဖြစ်ဖွယ်ဖြစ်ရပ်များစွာရှိခဲ့ပါတယ်။ လူ့သမိုင်းရဲ့ ပဋိပက္ခတွေမှာ အသုံးပြုခဲ့တဲ့ ပေါက်ကွဲအားအပြင်းဆုံး နျူကလီယားလက်နက်ကို ၁၉၄၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်က ဟီရိုရှီးမားကို ပထမဆုံးအကြိမ်း အသုံးပြုခဲ့ကြတယ်လို့ လူအများစုက ထင်ခဲ့ကြပါတယ်။ တကယ်တော့ နျူကလီယား ပေါက်ကွဲမှု ပထမဆုံးဖြစ်ရပ်ဟာ အိန္ဒိယရှေးခေတ်သမိုင်းမှာ ရှိခဲ့ပါတယ်။ အဆိုပါ သမိုင်းဟာ ရှေးခေတ် အတ္တလန္တိတ်နှင့် ရာမာအင်ပါယာများကြား လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ လောက်က ပထမဆုံး နျူကလီယား ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ကြောင်း ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=680,q=100/fa/faee6ad2e5826183b3bbf109441c0b0b057b7d1e.jpg

Mahabharata ရဲ့ ရာဇဝင်ဟာ ရှေးခေတ်အိန္ဒိယရဲ့ အရေးကြီးဆုံး ဒဏ္ဍာရီများထဲမှ တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ရှေးခေတ်အိန္ဒိယမှာ နည်းပညာမြင့်မားတဲ့ ဘွဲ့တစ်ခုရရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်သူများအကြောင်း ဇာတ်လမ်းများစွာပါရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် Mahabharata ရဲ့ သမိုင်းမှတ်တမ်းများတစ်လျှောက်မှာလည်း လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀၀ ခန့်က ဖြစ်ပွားခဲ့တဲ့ အနည်းဆုံးနျူကလီးယားပေါက်ကွဲမှုတစ်ခုနှင့် ပတ်သက်တာ တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တာ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=555,q=100/09/09d26eab7e827d36071e31022e8a0c1def3c7937.jpg

ါ့အပြင် ရှေးဟောင်းသုတေသနပညာရှင်များကလည်း အဆိုပါ နျူကလီးယားပေါက်ကွဲမှုဖြစ်စဥ်နဲ့ ဆက်စပ်မှုရှိတဲ့ ဘီစီ ၂၆၀၀ ခန့်က တည်ထောင်ခဲ့တဲ့ ရှေးဟောင်းမြို့တော် မိုဟင်ဂျို ဒါရိုကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရှေ့ဟောင်းမြို့တော်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ခန့်လောက်က စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ရှေးဟောင်းနေရာအချို့ဟာ နျူကလီးယားပေါက်ကွဲမှုကြောင့် ပျက်စီးသွားပုံရသော်လည်း မိုဟင်ဂျို ဒါရို ရှေ့ဟောင်းမြို့တော်ကတော့ လက်ရှိမှာ ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုဖြစ်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=287,q=100/49/49d2dfacba6881ac5721bfdc32af64c846481b39.jpg

လက်ရှိ အဆိုပါမြို့တော်ဟာ ပါကစ္စတန်မှာ တည်ရှိပြီး ချိုင့်ဝှမ်းယဉ်ကျေးမှုလို့လည်း သိကြတဲ့ Harappa ယဉ်ကျေးမှုနှင့် ဆက်နွယ်နေတဲ့ စုစည်းရာမြို့လည်းဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ တွေ့ရှိမှုမှာ မိုဟင်ဂျိုဒါရို မြို့တော်ဟာ နျူကလီးယား ပေါက်ကွဲမှုကြောင့် ပျက်စီးသွားကြောင်းကို တွေ့ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/38/38c27f43aa1a616c19c502cd33646e4dd5081ab4.jpg

ယင်းမြို့တော်မှာ ရွှံ့စေးအလွှာနှင့် အစိမ်းရောင်ဖန်သားထူထူများထွက်ပေါ်နေတာ တွေ့ရပြီး ထိုကဲ့သို့ထွက်ပေါ်လာခြင်းဟာ အဏုမြူဗုံးများ ပေါက်ကွဲသွားတဲ့အခါမှ ထွက်ပေါ်ခဲ့တာလို့ဆိုပါတယ်။ စမ်းသပ်တွေ့ရှိချက်များအရ အဆိုပါ မြို့ဟောင်းရဲ့ အပူချိန်ဟာ 1500 ဒီဂရီစင်တီဂရိတ် နှင့် 2700 ဒီဂရီဖာရင်ဟိုက်အထက်မှာ ရှိနေခဲ့တာ တွေ့ရပါတယ်။ ဒီလိုဖြစ်စဥ်‌တွေကို ကြည့်ခြင်းအားဖြင့် အတိတ်မှာ နေထိုင်ခဲ့တဲ့ လူတွေဟာ မယုံနိုင်လောက်အောင် အားကောင်းပြီး တိုးတက်ပြောင်းလဲခဲ့တဲ့ ယဉ်ကျေးမှုများရှိကြောင်း ညွှန်ပြနေတယ်လို့ ဆိုပါတယ်။