ရေနင်္ဂါးအထီးတွေက မျိုးပွားမှုအတွက် ကိုယ်ဝန်ဆောင်ပေးရတယ်ဆိုတာ သိပါသလား..?

//s9.kh1.co/bf/bf914c6701faee8e001dfbb00c3fa2b7ba550a5f.jpg
MPT
 ၁၃-စက်-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

ရေနင်္ဂါးအထီးတွေက မျိုးပွားမှုအတွက် ကိုယ်ဝန်ဆောင်ပေးရတယ်ဆိုတာ သိပါသလား..?

ပင်လယ်မြင်း (သို့မဟုတ်) ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခေါ်ကြတဲ့ ရေ နင်္ဂါး သတ္တဝါလေးတွေကို သင်မြင်တွေ့ဖူးမယ်လို့ ထင်ပါတယ်။ ရေနင်္ဂါးတွေဟာ အခြားသတ္တဝါတွေနဲ့ မတူဘဲ ထူးထူးခြားခြား ပုံမှန်မဟုတ်တဲ့ နည်းလမ်းဖြင့် မျိုးပွားကြပါတယ်။

https://s9.kh1.co/__image/w=650,h=409,q=100/82/82064eb223f128fc1cee5bc72f7cc326df08206c.jpg

ပြောရရင်တော့ အထီးတွေက မျိုးပွားမှုအတွက် ကိုယ်ဝန်ဆောင်ပေးရပါတယ်။ ဘာကြောင့် အထီးတွေက ကိုယ်ဝန်ဆောင်တာလဲလို့ သင့်အနေနဲ့ ခေါင်းစားသွားမယ်ဆိုတာ သေချာပါတယ်။

https://s9.kh1.co/__image/w=650,h=348,q=100/83/83fdcbdfde31c5942a684d0a55feb207458561a8.jpg

ဆိုလိုတာက ရေနင်္ဂါးအထီးတွေက အမများရဲ့ မျိုးဥတွေကို ယူပြီး သူတို့ ခန္ဓာကိုယ်မှာပါတဲ့ သားပေါက်အိတ်တစ်ခုထဲကို ထည့်ထားကြပြီး ကိုယ်ဝန်ဆောင်ပေးရတဲ့ သဘောပါ။

https://s9.kh1.co/__image/w=650,h=975,q=100/88/88323ce306bf91c3950484ec7e23c149967f350d.jpg

အဆိုပါ သား‌ပေါက်အိမ်ကို ovipositor လို့ ခေါ်ပြီး သူကပြွန်ပေါက်တစ်ခုလို ရှည်လျားတဲ့ အနေအထားရှိပါတယ်။ရေနင်္ဂါးထီးတွေ ကိုယ်ဝန်ဆောင်ထားတဲ့ သန္ဓေသားလောင်းများက မျိုးစိတ်နှင့် ‌ရေအခြေအနေပေါ်မူတည်ပြီး (၁၀) ရက်မှ (၆) ပတ်အထိ ကြီးထွားလာကြပါတယ်။

https://s9.kh1.co/__image/w=539,h=627,q=100/90/902e8b893a22c6c0c626b61efd73505f5e55ce6f.jpg

နောက်ထပ် အံ့အားသင့်စရာ တစ်ခုက အထီးတွေက သူတို့ရဲ့ သားလောင်းလေးတွေ မမြင်သ၍ သူတို့ ရဲ့ အမြီးတေးကို ကုပ်ကွေးထားကြတာဖြစ်ပါတယ်။သန္ဓေသားလောင်းများပေါက်ဖွားဖို့ အဆင်သစ်ဖြစ်လာတဲ့ အခါမှာ အထီးတွေက သားပေါက်လေးကို အိတ်ထဲကနေ ထုတ်ထုတ်ဖို့အတွက် သူ့ရဲ့ကြွက်သားတွေကို ကျုံ့ပေးရပါတယ်။

https://s9.kh1.co/__image/w=650,h=437,q=100/35/356cf9e6b8b58f65d6c0291cbd3f278e9e9c21c0.webp

သန္ဓေသားလောင်းများပေါက်ဖွားလာရင်လည်း သူတို့ရဲ့ မိဘများကို တွယ်ကပ်နေခြင်းမရှိဘဲ အမှီခိုကင်းကင်းနေကြပါတယ်။ဒါပေမယ့် တစ်ခါတရံမှာ ရေ နင်္ဂါးအချို့အထီးတွေက သူတို့ မျိုးဥတွေကို ပြန်လည်စားဖို့ ကြိုးစားကြပါတယ်။ ဒါကလည်း ရေ နင်္ဂါးအထီးတိုင်းတော့ မဟုတ်ပါဘူးလို့ ထင်ပါတယ်။ သင့်အနေနဲ့လည်း ရေနင်္ဂါးတွေနဲ့ ပတ်သက်ပြီး သိထားတာရှိရင် ပြောပေးခဲ့ပါဦး။