ဂျင်းဘောင်းဘီတွေမှာ အိတ်ကပ်သေးသေးလေးပါတာ ဘာကြောင့်လဲ...?

//s9.kh1.co/69/698d3219e0e1188150de57fa2b75f40de9cb71e5.jpg
MPT
 ၀၂-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဂျင်းဘောင်းဘီတွေမှာ အိတ်ကပ်သေးသေးလေးပါတာ ဘာကြောင့်လဲ...?

သင်ဟာ ဂျင်းဘောင်းဘီကို အမြဲဝတ်ဆင်နေတဲ့ သူတစ်ယောက်ဆိုရင် သင်ရဲ့ ဂျင်းဘောင်းဘီပေါ်က ‌အိတ်ကပ်လေးတွေကို သတိထားမိပါသလား။ အဲ့ဒီ အိတ်ကပ်လေးတွေမှာ အသုံးဝင်ပြီး အလွန်သေးငယ်တဲ့ အိတ်လေးတစ်ခုပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/b7/b7b183f0cf0576931d8420e6742c429ae953f63c.jpg

ဒါပေမယ့် လူတော်တော်များများက အိတ်ကပ်လေးပါတာ သတိထားမိကြပေမယ့် အလှဆင်ထားတာလို့ပဲ သိထားကြပါတယ်။ တစ်ချိန်တုန်းက ဒီဇိုင်နာတွေက ဒီအိတ်ကပ်လေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်ထားခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=415,q=100/32/326a55880ec173db10152cd2d652c333aaf70272.png

လက်ပတ်နာရီတွေ မပေါ်ခင်တုန်းက အိတ်ဆောင်နာရီတွေခေတ်စားခဲ့ကြပါတယ်။ ခရီးသွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲ ဖြစ်ဖြစ် စမတ်ကျကျလေးနဲ့ အိတ်ဆောင်နာရီလေးတွေတစ်ပါးတည်းယူသွားနိုင်အောင် ရည်ရွယ်ပြီး ဂျင်းဘောင်းဘီတွေမှာ အိတ်ကပ်ငယ်ထည့်ပေးထားတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c7/c7d2d4c1b175ae89337cbe33ea86eb1f30d285fb.webp

နာရီအိတ်ကပ်ပါတဲ့ ဂျင်းဘောင်းဘီတွေကို Levi Strauss & Co က စတင်ထုတ်လုပ်တာဖြစ်ပါတယ်။ ယနေ့ခေတ်စားနေတဲ့ “Levis 501” ဂျင်းဘောင်းဘီကို ၁၈၉၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/f5/f593ea02c3d18e21235973f650e25769b6c54ddb.jpg

အိတ်သေးသေးလေးပါတဲ့ ဘောင်းဘီကို အိတ်ကပ်ငါးအိတ်ပါဘောင်းဘီလို့ ခေါ်ကြပေမယ့် အိတ်သေးသေးလေးက ပဉ္စမမြောက် အိတ်ကပ်တော့ မဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/1e/1e1c52d7fe6d06526a2d933fcd71a19d50edd7b2.png

ပဉ္စမအိတ်ကပ်က အမှန်တကယ်မှာ ဘောင်းဘီရဲ့ နောက်ကျောဘယ်ဘက်တွင်ရှိပြီး ၁၉၀၁ ခုနှစ်မှာ “Levi's 501 “ ဂျင်းဘောင်းဘီကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီအများစုမှာ ဒီလို အိတ်ကပ်လေး‌တွေ ပါကြပေမယ့် နောက်ပိုင်းထွက်ရှိလာတဲ့ ဘောင်းဘီတွေမှာတော့ မပါလာတာ တွေ့ရပါတယ်။