ကမ္ဘာ့ပထမဆုံး မီးပုံပျံပေါ်ကို တက်ရောက်ခဲ့ကြတဲ့ အထူးခရီးသည်များ

//s9.kh1.co/e9/e989d00103547adc0187a601ead9a50e3a11edf0.jpg
MPT
 ၂၃-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာ့ပထမဆုံး မီးပုံပျံပေါ်ကို တက်ရောက်ခဲ့ကြတဲ့ အထူးခရီးသည်များ

လူသားတွေရဲ့စမ်းသပ်မှုတွေတိုင်းမှာ တိရစ္ဆာန်တွေဟာ မပါမဖြစ်ပါပဲ။ မြင်အောင်ပြောရရင် အာကာသထဲကို အရင်ဆုံးရောက်တာ လူ‌သားတွေမဟုတ်ပါဘူး...တိရစ္ဆာန်တွေပါ။

https://s9.kh1.co/__image/w=650,h=474,q=100/e8/e8cbf0f20f342d4b086efa130153cd5ba6b43746.webp

သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ခံတွေကလည်း တိရစ္ဆာန်တွေပါ။ တချို့အရာတွေကျကောင်းပေမယ့် တချို့စမ်းသပ်ချက်တွေကတော့ လက်မခံနိုင်စရာဖြစ်နေပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/dc/dc22824ec832e5aeccfa05272546f54210367756.jpg

ဒါပေမယ့် ခုဖော်ပြမှာက လက်ခံသင့်မသင့်ကို ဖော်ပြသွားမှာမဟုတ်ပဲ အာကာသထဲကို အရင်ဆုံးရောက်ဖူးတဲ့ တိရစ္ဆာန်တွေလို အကြောင်းကို ဖော်ပြသွားမှာပါ။၁၇၈၃ ခုနှစ်မှာ ပထမဆုံး မီးပုံပျံကို စတင်လွှင့်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/61/613991201fe19b5db904c5bedb7da99d48c744a4.jpg

ဒါပေမယ့်ခရီးသည်တွေအနေနဲ့ကတော့ သိုးတစ်ကောင်ရယ် ဘဲတစ်ကောင်ရယ် ပြီးတော့ ကြက်ဖတစ်ကောင်ရယ်ဖြစ်ပါတယ်။ ဒိတစ်ခါမှာလည်း မီးပုံပျံပေါ် အရင်တက်တာ လူသားတွေ မဟုတ်ပြန်ပါဘူး။ Montgolfier ညီအစ်ကိုများဟာ ပြင်သစ်မှာ လေပူဖောင်းကို တီထွင်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/2a/2a152a46d0e1cf28871b9b9dac54b42f10ca80f5.jpg

သူတို့ဟာ ခြောက်သွေ့နေတဲ့ အဝတ်တွေကို မီးပုံးပျံနဲ့ စတင်စမ်းသပ်ခဲ့ပါတယ်။အမြင့်မှာ ပျံသန်းရင်း လူတွေကို ဘယ်လို ထိခိုက်နိုင်မလဲဆိုတာ မသိရသေးတာကြောင့် အစောပိုင်း ပျံသန်းမှုမှာ တိရစ္ဆာန်ခရီးသည်တွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=427,q=100/12/12e5fa829d5682009804273b9dce4158b7b54fd9.jpg

ပျံသန်းမှုဟာ အောင်မြင်ခဲ့ပြီး တိရစ္ဆာန်တွေဟာလည်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ သိုးကတော့ မြေပြင်ပေါ်ရောက်ချိန်မှာ ကြက်ဖပေါ်ကို ခြေချခဲ့ပါတယ်။