ခြင်္သေ့တွေနဲ့ပတ်သက်လို့ အံ့ဩသင့်စရာကောင်းတဲ့ အချက် ၇ ချက်

//s9.kh1.co/fb/fbe465c350e76213844c507439b053f4588b80ce.jpg
MPT
 ၂၃-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ခြင်္သေ့တွေနဲ့ပတ်သက်လို့ အံ့ဩသင့်စရာကောင်းတဲ့ အချက် ၇ ချက်

ခြင်္သေ့တွေဟာ ကြောင်ကြီးတွေဆိုတာ သင်သိမှာပါ။ မသိဘူးဆိုလည်း ဘာမှမဖြစ်ပါဘူး။ ကျား၊ခြင်္သေ့၊ ကျားသစ် စတာတွေအပါအဝင် ကြောင်ပုံစံရှိတဲ့ တိရစ္ဆာန်တွေဟာ ကြောင်ကြီးမျိုးနွယ်တွေပါပဲ။ ခုတော့ကြောင်ကြီးမျိုးနွယ်ထဲက တောဘုရင်ဖြစ်တဲ့ ခြင်္သေ့ကြီးနဲ့ပတ်သက်တဲ့ အချက် တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/8b/8bd483f3f6507e95b30a1b77a3902b36cf70e30d.webp

၁။ ခြင်္သေ့ရဲ့ ဟိန်းသံဟာ ၅ မိုင်အကွာကနေ ကြားနိုင်ပါတယ်။

ခြင်္သေ့ဟိန်းသံဟာ ကြောင်ကြီးမျိုးနွယ်ထဲမှာ အကျယ်ဆုံးဖြစ်ပါတယ်။ သူတို့တွေဒီလောက်ကျယ်အောင် ဟိန်းရတာ ပင်ပန်းမယ်လို့ထင်ရင်တော့ မှားသွားပါမယ်။ အကြောင်းကတော့ သူတို့တွေဟာ လူတွေအသံကျယ်အော်ရင် အားညစ်အော်ရသလို မဟုတ်တာကြောင့်ပါပဲ။ ဒါကြောင့် သူတို့ဟာ ဟိန်းတဲ့အခါတိုင်း မပင်ပန်းပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/10/103b18c797ade85fdc3c1fb4532c84345940f382.jpg

၂။ ခြင်္သေ့ထီးတွေဟာ တစ်နေ့ကို အသား ၄၀ ကီလိုဂရမ်ကျော်ထိ စားနိုင်ပါတယ်။

တစ်နေ့ကို ခြင်္သေ့မတွေဟာ အသား ၅ ကီလိုဂရမ်လောက်ပဲစားပြီး ခြင်္သေ့ထီးတွေကတော့ အသား ၇ ကီလိုဂရမ်စားရပါတယ်။ ဒါပေမယ့်လည်း ခြင်္သေ့ထီးတွေဟာ တစ်ခါထိုင်စားရင် ၄၀ ကီလိုဂရမ်ထိ စားနိုင်ပါတယ်။

https://s9.kh1.co/__image/w=602,h=452,q=100/7d/7d035b5d2fcfaef1c6409d58eafa924c0b1795d8.jpg

၃။ ခြင်္သေ့တွေဟာ တစ်နာရီ မိုင် ၅၀ ပြေးနိုင်ပါတယ်။

ခြင်္သေ့တွေဟာ ကျားသစ်တွေပြီးရင် တစ်နာရီ မိုင် ၅၀ နှုန်းနဲ့ အမြန်ဆုံးပြေးနိုင်တဲ့ တောရိုင်းကြောင်တွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=521,h=328,q=100/b4/b46eabfcba51a3e411010dbc9153d6159389bcaf.jpg

၄။ ခြင်္သေ့ရဲ့လည်ဆံက ပိုမည်းလေ၊ အသက်ကြီးလေပါပဲ။

ခြင်္သေ့ရဲ့ အသက်ကို ခန့်မှန်းနိုင်တဲ့ အလွယ်ဆုံးနည်းကတော့ လည်ဆံမွှေးကို ကြည့်တာပါပဲ။ သူတို့လည်ဆံ‌မွှေးကပိုမည်းလေ ပိုအသက်ကြီးလေပါပဲ။ အဲ့အပြင် လည်ဆံမွှေးမဲလေ ခြင်္သေ့မတွေကို ပိုဆွဲဆောင်နိုင်လေပါပဲ။

https://s9.kh1.co/__image/w=602,h=401,q=100/23/2346e03d4442abbf49a47a9ebacc94e95b2bedbf.jpg

၅။ ခြင်္သေ့တွေဟာ အမြှီးထိပ်မှာ အ‌မွှေးစုတဲ့ တစ်မျိုးတည်းသော ကြောင်မျိုးနွယ် ဖြစ်ပါတယ်။

ခြင်္သေ့တွေဟာ အမြှီးထိပ်မှာ အ‌မွှေးစုနေတဲ့ တစ်မျိုးတည်းသော ကြောင်မျိုးနွယ်ပါ။ တခြားကြောင်တွေအဲ့လိုအမြှီးရှိနေရင်တော့ ဒါဟာ ဖက်ရှင်းသဘောပြုလုပ်ထားကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=340,q=100/86/86008b861cbb6c26487c9960248a0f4ae1335035.jpg

၆။ ကမ္ဘာ့အသက်အကြီးဆုံး ခြင်္သေ့အဖြစ် မှတ်တမ်းတင်ထားခဲ့တဲ့ ခြင်္သေ့ဟာ အသက် ၂၉ နှစ်ပါ။

ခြင်္သေ့တစ်ကောင်ရဲ့ ပုံမှန်အသက် သက်တမ်းဟာ ၁၃ နှစ်ဖြစ်ပါတယ်။ သူတို့မှာ အမဲလိုက်နိုင်ဖို့ ခွန်အားတွေ အစွမ်းတွေမရှိတော့ရင်တောင်မှ အသက်ရှည်စွာနေနိုင်ပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး ခြင်္သေ့ကတော့ အသက် ၂၉ နှစ်နီးပါးပါပဲ။

https://s9.kh1.co/__image/w=650,h=342,q=100/5d/5d468bf9d764793fad338144d90a1f959fbc4124.jpg

၇။ ခြင်္သေ့တစ်ကောင်ရဲ့ ညဘက်အမြင်ဟာ သင့်ထက် ၆ ဆ ပိုများပါတယ်။

မနက်ပိုင်းတွေမှာတော့ ခြင်္သေ့တွေဟာ လူတွေထက် အရောင် နည်းစွာ မြင်ပြီး ညဘက်မှာတော့ သူတို့ရဲ့ ပုံမှန်မျက်လုံးအတိုင်း မြင်ရပါတော့တယ်။ သူတို့မျက်လုံးတွေဟာ အတက်နိုင်ဆုံး အရောင်ပြန်ပေးနိုင်ပါသေးတယ်။