မြင့်မိုရ်တောင်မှာနေတဲ့ ဂဠုန်ဆိုတာဘယ်လိုသတ္တဝါလဲ…

//s9.kh1.co/ba/bac58dcd25aac0c5e3dc10f5fd3cc2c2109b652b.jpg
MPT
 ၂၈-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

မြင့်မိုရ်တောင်မှာနေတဲ့ ဂဠုန်ဆိုတာဘယ်လိုသတ္တဝါလဲ…

ဂဠုန်ဆိုတာ ကျနော်တိုငယ်ငယ်ကတည်းက ကြားဖူးနားဝရှိနေတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကျမ်းဂန်တွေအရ ဘုရားရှင်လက်ထက်တော်အခါက ဂဠုန်တွေရှိခဲ့တယ်ဆိုပြီး ဘုန်းတော်ကြီးတွေ လူကြီးသူမတွေကပြောလေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=595,q=100/61/61269b9d3046de8518cdb579d3549ba8532d4ac8.webp

မြန်မာတိုရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာရှိတဲ့ ၇ရက်နေ့နမ်တွေထဲ တနင်္ဂနွေကို ငဠုန်နဲ့ကိုယ်စားပြုလေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာဂဠုန်ဆိုတာ ဘယ်လိုသတ္တဝါမျိုးလဲ၊ ဘယ်လောက်အရွယ်အစားရှိလဲဆိုတာ ကိုနိုင်ငံအလိုက်သူတိုရဲ့ ဒဏ္ဍာရီပေါ်မူတည်ပြီးတိတိကျကျမပြောနိုင်ကြပါဘူး။

https://s9.kh1.co/__image/w=650,h=490,q=100/14/142b7ff96dce84defc160ef1b7626cf37f6bfe59.jpg

အနောက်တိုင်းမှာတော့ နဂါးကိုကျယ်ကျယ်ပြန့်ပြန့် ပြောလေ့ရှိကြပေမယ့် ဂဠုန်နဲ့ပတ်သတ်ပြီးသိပ်မတွေ့ရပါဘူး။ ဒါပေမယ့် အရှေ့တိုင်းအာရှနိုင်ငံတွေမှာတော့ ဂဠုန်ကိုဒဏ္ဍာရီလာ အင်အားကြီးငှက်တစ်မျိုးအဖြစ်သတ်မှတ်ထားကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ သူတိုရဲ့နိုင်ငံတော်အမှတ်အသားကို ဂဠုန်အဖြစ်သုံးစွဲကြပြီး ထိုင်းနိုင်ငံဟာလည်း ထိုင့်ဘုရင့်အမှတ်တံဆိပ်အဖြစ် သုံးကြပါတယ်။

https://s9.kh1.co/__image/w=650,h=575,q=100/45/453c8b930d5eb105847563f64e53cdc05c222c59.jpg

ပြီးတော့လည်း ဂဠုန်နဲ့ပတ်သတ်ပြီး ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ နိုင်ငံတွေမှာပဲ တွေ့ရလေ့ရှိပါတယ်။ ဂဠုန်ဆိုတာကို သက္ကတနဲ့ ပါဠိဘာသာမှာ ဂရုနလို ခေါ်ပြီး ‌၃၃၀ယူဇနာအကျယ်ရှိတဲ့ ‌အတောင်တွေပိုင်ဆိုင်ထားတဲ့ အလွန်ကြီးတဲ့ငှက်တမျိုးဖြစ်ပါတယ်။ ဟိန္ဒူဘာသာမှာတော့ ဂဠုန်တွေဟာ ဗိဿနိုးနတ်မင်းကြီးရဲ့ စီးတော်ယဉ်ဖြစ်တယ်လို ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာလည်း ဘုရားလောင်းဂဠုန်မင်းရှိခဲ့ဖူးတယ်လို ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=744,q=100/d7/d7cfac00d1c827fa94fb93c6d2b9bdc1fe32ce3b.jpg

ဒါကြောင့် ဂဠုန်ဆိုတာ ဟိန္ဒူဘာသာရဲ့ အယူအဆဖြစ်ပါတယ်။ အချိုကလည်း ဂဠုန်တွေဟာ ဒီနေ့အချိန်ထိလူတွေမမြင်ရတဲ့ နေရာမှာရှိနေသေးတယ်လို ယူဆနေသူတွေရှိပြီး။ အချိုကလည်း ဂဠုန်ဆိုတာ ဒဏ္ဍာရီသက်သက်သာဖြစ်ပြီး ရှိခဲ့မယ်ဆျုရင်တောင် သိမ်းငှက်တို လင်းယုန်တိုသာဖြစ်နိုင်တယ်လိုဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာရဲ့ကျမ်းဂန်တွေအရတော့ ဂဠုန်တွေတည်ရှိမှုနဲ့ပတ်သတ်ပြီး မေးခွန်းတွေရှိနေဆဲဖြစ်ပါတယ်။