စိတ်ဝင်စားဖို့ကောင်းတဲ့ မိုးကြိုးသွား အကြောင်း

//s9.kh1.co/48/4817034303f610cc020a13e178c5d03c6dce8122.jpg
MPT
 ၂၆-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

စိတ်ဝင်စားဖို့ကောင်းတဲ့ မိုးကြိုးသွား အကြောင်း

အားလုံးပဲ ငယ်ငယ်တုန်းက အရမ်းစိတ်ဝင်စားခဲ့ရတဲ့ မိုးကြိုးသွားဆိုတာကို မြင်ဖူးကြလား ? မိုးကြိုးပစ်လိုက်တာနဲ့ မိုးကြိုးသွားဆိုတာဘာလဲ သိချင်နေကြတဲ့ သူတွေအတွက် မိုးကြိုးသွားက ဘာလဲဆိုတာကို ရှင်းပြပေးသွားပါမယ်နော်။

https://s9.kh1.co/__image/w=650,h=489,q=100/8c/8c437d08d1ca521608e2d93479dc29684937118b.webp

မိုးကြိုးသွားဆိုတာကို အင်္ဂလိပ်လို Lightning Fulgurite လို့ ခေါ်ပါတယ်။ မိုးကြိုးသွားကို ကလေး ဘဝတုန်းက သိခဲ့ရသလောက် မိုးကြိုးပစ်ရင် ကျန်ခဲ့တဲ့ ပုဆိန်လိုမျိုး အရာကြီးလို့ သိကြပါတယ်။

https://s9.kh1.co/__image/w=340,h=270,q=100/24/24479fccc1fc6ad7149a772bf9651b50d84dfff9.webp

တကယ်တမ်းမှာတော့ မိုးကြိုးသွားဆိုတာ ပုဆိန်နဲ့မတူသလို မိုးကြိုးပစ်ရင်မြေပြင်မှာ ကျန်ခဲ့တဲ့အရာလည်း မဟုတ်ပါဘူး။မိုးကြိုးဆိုတာ အီလက်ထရောနစ် လျှပ်စီးရှော့ခ် တစ်မျိုးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/59/590b0c79d99fc34cd5160b16e37b00053d633d2c.jpg

လျှပ်စီးက ရှော့ခ် ရိုက်လိုက်တဲ့ ပုံစံမျိုး ဖြစ်တာကြောင့် သစ်သားလိုမျိုး အရာဝတ္ထု တစ်ခုခုနဲ့ထိမိရင် မီးလောင်ကျွမ်းသွားသလိုမျိုးသာ မဲသွားပြီး မိုကြိုးသွားဖြစ်မလာပါဘူး။မိုးကြိုးသွား ဖြစ်လာဖို့အတွက် မိုးကြိုးထိမှန်တဲ့နေရာက သဲ ပြင် (သို့မဟုတ်) ကျောက်တုံးဖြစ်ရပါမယ်။

https://s9.kh1.co/__image/w=650,h=653,q=100/fd/fd3b95752a9ef355d128458520e8776cfc4136cc.jpg

သဲ (သို့မဟုတ်) ကျောက်တုံးထဲကို မိုးကြိုးရဲ့ လျှပ်စီးဓာတ်ဝင်ပြီး ဓာတ်ပြုသွားတာကြောင့် ဖန်ချက်စီလီကာတွေက အရည်ပျော်သွားပြီး မိုးကြိုးသွားတွေ ဖြစ်လာပါတယ် ။ မိုးကြိုးသွားတွေက အချောင်း အချောင်း ပုံစံရှိပြီးအရောင်က သဲမှုန့်အရောင်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/a1/a17209ab7638937c686dd463a1aa8815303b5fa3.jpg

မိုးကြိုးသွားတွေကို အတွေ့အများဆုံးနေရာက ကမ်းခြေကမ်းစပ်တွေနဲ့ သဲသောင်ပြင်တွေမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မိုးကြိုးသွားတွေအကြောင်းကို သိသလောက်လေး စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ပါတယ်နော်။