လူဝင်ထားတာလို့တောင် ထင်ခဲ့ကြတဲ့ ကမ္ဘာ့အကြီးဆုံး လင်းယုန်ငှက်

//s9.kh1.co/b6/b635bafba83e7aad0211ecdcc6fbc4b451c05a42.jpg
MPT
 ၂၀-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

လူဝင်ထားတာလို့တောင် ထင်ခဲ့ကြတဲ့ ကမ္ဘာ့အကြီးဆုံး လင်းယုန်ငှက်

အလွန်ကြီးမားတဲ့ Harpy Eagle လင်းယုန်တွေကို လူတွေက ငှက်ဝတ်စုံကို ဝတ်စားဆင်ယင်ထားတာလို့ အချို့က ယနေ့အချိန်ထိ တွေးကောင်းတွေးဖူးကြမှာပါ။ သူ့ပုံစံကလည်း လူဝင်ထားတဲ့အတိုင်းတူတာမှန်ပေမယ့် တကယ့် ငှက်တစ်ကောင်အစစ်ပါ။

https://s9.kh1.co/__image/w=650,h=786,q=100/b6/b6cb379fbf8ab3db5561a40694b95e6e222013a1.jpg

ဒီလင်းယုန်ငှက်ကို Harpia harpyja လို့လည်း ခေါ်ကြသလို တခါတရံ Papuan လင်းယုန်နှင့် ခွဲခြားပြီး အမေရိကန် လင်းယုန်ငှက်လို့လည်း ခေါ်ဆိုကြပါတယ်။သူဟာ neotropical လို့ခေါ်တဲ့ လင်းယုန်မျိုးစိတ်ဖြစ်ပြီး သူ့ရဲ့ ကြီးမားလှတဲ့ အတောင်ပံနှင့် ခမ်းနားထည်ဝါမှုတွေကြောင့် ပိုမိုလူသိများခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/09/094ecffef717a5ee04bd9d2457f7fda081402152.jpg

Harpia harpyja လင်းယုန်ငှက်တွေဟာ ကမ္ဘာပေါ်ဆုံး အကြီးဆုံးနှင့် အစွမ်းထက်ဆုံးပါ။ သူတို့ရဲ့ အတောင်ပံက ၇ ပေနှင့် ၄ လက်မ (၂၂၄ စင်တီမီတာ အထိရှည်လျာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်အလေးချိန်က ၈.၅-၂၀ ပေါင်ပဲရှိပါတယ်။

https://s9.kh1.co/__image/w=650,h=594,q=100/3d/3df8b11900deb1a34cb70fc2b5ff097ea153a8af.jpg

ဒါကြောင့် ကောင်းကင်မှာ အလျင်အမြန် ပျံသန်းနိုင်တာဖြစ်ပြီး သားကောင်ကို အမဲလိုက်ရာမှာလည်း အချိန်ခဏလေးမှာ ဖမ်းယူစားသောက်နိုင်ကြတာပါ။သူတို့ရဲ့ သားကောင်တွေအဖြစ် မျောက်များ ၊ သမင်များ ၊ ငှက် ၊မြွေနှင့် အိမ်မြှောင်တွေကို ဖမ်းယူစားသောက်ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=570,q=100/79/79cabf9bd55f419a38a5c8c910aba24ef78397df.jpg

သူတို့ဟာ အများအားဖြင့် အပူပိုင်းမြေနိမ့်ပိုင်း မိုးသစ်တောများ ၊အပေါ်ပိုင်း မြက်ခင်းပြင်တွေမှာ နေထိုင်ကျက်စားကြတာပါ။

https://s9.kh1.co/__image/w=650,h=867,q=100/7b/7bbc54ec50e79feb3692ac3cff72a603c61d44ad.jpg

သူတို့ကို တွေ့ရတာကတော့ မက္ကဆီကို၊ ဘရာဇီး နှင့် အာဂျင်တီးနား (မြောက်ဘက်)ဒေသတွေမှာ တွေ့ရပြီး သဘာဝတရားကြီးရဲ့ဆုတ်ယုတ်လာမှုကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်မှာ မျိုးသုဥ်းပြီး ရှာပါးလာခဲ့ကြတာ ဖြစ်ပါတယ်။