ကမ္ဘာ့ ရုပ်အဆိုးဆုံးခွေးလေး အဖြစ် သရဖူဆောင်းခဲ့တဲ့ Mr. Happy Face

//s9.kh1.co/6f/6f834a88a21b5efa1b9ec657cfb9e50686b7bd09.jpg
MPT
 ၂၉-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာ့ ရုပ်အဆိုးဆုံးခွေးလေး အဖြစ် သရဖူဆောင်းခဲ့တဲ့ Mr. Happy Face

Mr. Happy Face ဆိုတဲ့ တရုတ် ချီဟွာဟွာ မျိုးစပ် ခွေးလေးက ကမ္ဘာ့ ရုပ်အဆိုးဆုံး ခွေးတစ်ကောင် အဖြစ် ချန်ပီယံဘွဲ့ကို ဆွတ်ခူးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် Petaluma မှာကျင်းပတဲ့ ကမ္ဘာ့အဆိုးဆုံးခွေးပြိုင်ပွဲမှာ အသက် ၁၇ နှစ်အရွယ်ရှိတဲ့ တရုတ် ချီဟွာဟွာအရော ခွေးလေးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=395,q=100/97/97615f5246f74b254ea6d589a6f7517cdba6d86e.jpg

ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိတာဖြစ်ပြီး ကိုဗစ်ကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ပွဲတွေ ဖျက်သိမ်းခဲ့ရပြီးနောက် မှာတော့ ယခုနှစ်ပြိုင်ပွဲကို အရင်တုန်းကထက် ပိုမို ခမ်းနားစွာပြုလုပ်ခဲ့ပါတယ်။ Mr. Happy Face ဟာ အရင်နှစ်က အရီဇိုးနားပြည်နယ်မှာရှိတဲ့ Janeda Banelly က ကယ်ဆယ်မွေးစားခဲ့တဲ့ ခွေးလေး တစ်ကောင်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cb/cbc053eaf2a31736e938da874672331522f6239e.jpg

Mr. Happy Face က သူ့သခင် Janeda Banelly ကို ဆုငွေ ဒေါ်လာ ၁,၀၀၀ ရစေတဲ့အပြင် NBC's Today ရှိုးမှာ ပါဝင်ဖို့အတွက် New York ကို ခရီးထွက်ခွင့်ရအောင် ပြုလုပ်ပေးခဲ့ပါသေးတယ်။ Janeda Banelly က Mr. Happy Face ဟာ အသက်အရွယ် ကြီးရင့်မှုနဲ့ ကျန်းမာရေး ပြဿနာ များစွာကြောင့် အသက်ရှည်နိုင်မည်မဟုတ်ပေမယ့် သူ့ခွေးလေးကို မြင်မြင်ချင်း ချစ်သွားခဲ့တာဖြစ်ကြောင်း နဲ့ တွေ့ဖူးသမျှသတ္တဝါတွေထဲမှာ Mr. Happy Face ဟာ အပျော်ဆုံး သတ္တဝါဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=376,q=100/74/74f6136cbeeb54ed3349b52488db2fe398e21b29.jpg

ကမ္ဘာ့အရုပ်ဆိုးဆုံး ခွေးပြိုင်ပွဲကို Sonoma-Marin Fair မှာ နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။ ပြိုင်ပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နှစ်လိုဖွယ်မရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေ မွေးစားခြင်းကို မြှင့်တင်ဖို့ အတွက်ပဲဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုသူတွေကလည်း အနိုင်ရသူ Happy Face လေးအတွက် ဂုဏ်ပြုစာတွေရေးခဲ့ကြပါသေးတယ်။