လွန်ခဲ့သောနှစ်ပေါင်း 400 က အတ္တလန်တိတ် သမုဒ္ဒရာကိုဖြတ်ခဲ့တဲ့ မေဖလားဝါးရဲ့ သမိုင်းဝင်ခရီးကို ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ဖန်တီးပြီး ဒီဇိုင်းထုတ်ထားတဲ့ သင်္ဘောသားမပါတဲ့ မောင်းသူမဲ့သင်္ဘောတစ်စင်း ဟာ သမုဒ္ဒရာကို ဖြတ်ကျော်ခရီးနှင်သွားပြီဖြစ်ကြောင်း ပရောဂျက်အရာရှိများက ပြောကြားခဲ့ပါတယ်။ မောင်းသူမဲ့သင်္ဘော Mayflower (MAS) ဟာ ယူကေရှိ Plymouth မှ မိုင် 2,700 ကွာဝေးတဲ့ ကနေဒါနိုင်ငံ Nova Scotia ရှိ Halifax သို့ တနင်္ဂနွေနေ့က သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ရောက်ရှိခဲ့ပါတယ်။

သင်္ဘောဟာ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ကို သွားဖို့ အစက စီစဉ်ထားပေမယ့်လည်း ပင်လယ်ပြင်မှာ ဖြစ်ခဲ့တဲ့ ပြဿနာများကို စုံစမ်းစစ်ဆေးဖို့ ကနေဒါကို လမ်းကြောင်းပြောင်းခဲ့ရပါတယ်။အဆိုပါ သင်္ဘောဟာ Halifax မှာ တစ်ပတ် သို့မဟုတ် နှစ်ပတ်ကြာ နေထိုင်ဖွယ်ရှိကြောင်း မန်နေဂျာများက ပြောကြားထားပါတယ်။ အရှည် ပေ 50 ရှိ ဆိုလာစွမ်းအင်သုံး trimaran ဟာ အမြန်နှုန်း 10 knots (20km/h) အထိ မောင်းနှင်နိုင်ပြီး IBM မှ ဖန်တီးထားတဲ့ on-board ဥာဏ်ရည်တုနည်းပညာ (AI) မှ ကင်မရာခြောက်လုံးနှင့် အာရုံခံကိရိယာ 50 တို့ကိုအသုံးပြုပြီး လမ်းကြောင်းပြတာဖြစ်ပါတယ်။

Pilgrim Fathers များမှ ကမ္ဘာမှာစပြီး ရွက်လွှင့်လာကတည်းက ရာစုနှစ်များစွာအတွင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုကို ပြသဖို့ ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူများက ပြောထားပါတယ်။ဧပြီလ ၂၉ ရက်နေ့က ဗြိတိန်မှ ထွက်ခွာခဲ့ပြီး ခရီးထွက်ခွာရန် သုံးပတ်ခန့် အချိန်ယူခဲ့ရပြီး ကနေဒါနိုင်ငံ Halifax သို့သွားရန် မေလကုန်က ဆုံးဖြတ်ချက်မချမီ နည်းပညာဆိုင်ရာအခက်အခဲအချို့ ကိုလည်းကြုံတွေ့ခဲ့ရပါတယ်။

ပရောဂျက်ဒါရိုက်တာ Brett Phaneuf က IBM နည်းပညာဟာ "ရည်မှန်းထားတဲ့အတိုင်း ဖြစ်မြောက်ခဲ့တယ်" လို့ ပြောကြားခဲ့ပြီး သင်္ဘောဟာ Plymouth၊ Massachusetts သို့ ရွက်လွှင့်ပြီးနောက် ဝါရှင်တန်ဒီစီကို ဆက်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။ဧပြီလ ၂၉ ရက်နေ့က ဗြိတိန်မှ ထွက်ခွာခဲ့ပြီး ခရီးထွက်ခွာရန် သုံးပတ်ခန့် အချိန်ယူခဲ့ရပြီး ကနေဒါနိုင်ငံ Halifax သို့သွားရန် မေလကုန်က ဆုံးဖြတ်ချက်မချမီ နည်းပညာဆိုင်ရာအခက်အခဲအချို့ ကိုလည်းကြုံတွေ့ခဲ့ရပါတယ်။

ပရောဂျက်ဒါရိုက်တာ Brett Phaneuf က IBM နည်းပညာဟာ "ရည်မှန်းထားတဲ့အတိုင်း ဖြစ်မြောက်ခဲ့တယ်" လို့ ပြောကြားခဲ့ပြီး သင်္ဘောဟာ Plymouth၊ Massachusetts သို့ ရွက်လွှင့်ပြီးနောက် ဝါရှင်တန်ဒီစီကို ဆက်သွားဖို့ စီစဉ်ထားကြောင်း ပြောကြားထားပါတယ်။
