ငရဲပြည်ကို နာဆာ ရှာတွေ့ခဲ့ပြီလား?

//s9.kh1.co/0a/0a4d6876cb1cfc0cb3ac280e9af6e4d68c374a26.jpg
MPT
 ၀၇-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ငရဲပြည်ကို နာဆာ ရှာတွေ့ခဲ့ပြီလား?

အလင်းနှစ် 50 အကွာရှိ စူပါဂြိုလ် မှာ လူသားများအနေဖြင့် ခြောက်ခြားဖွယ်ရာ များကို James Webb အာကာသကြည့်မှန်ပြောင်းမှတစ်ဆင့် လာမည့်ရက်သတ္တပတ်များအတွင်း ကြည့်ရှုနိုင်မှာဖြစ်ကြောင်း NASA ကပြောကြားခဲ့ပါတယ်။ 55 Cancri e လို့ခေါ်တဲ့ ဂြိုဟ်ဟာ "နေနှင့်တူသော ကြယ်" ကြီးနဲ့ အလွန်နီးကပ်စွာ လည်ပတ်နေတာကြောင့် မျက်နှာပြင်အခြေအနေများဟာ ငရဲပြည်ကဲ့သို့ အဆက်မပျက် လောင်ကျွမ်းနေကြောင်း တွေ့ရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a7/a73c5cd4d2935297ed907350bf46de3e0681d04c.jpg

ဖော်ပြချက်အရ 55 Cancri e ဟာ ၎င်းရဲ့နေနဲ့ မိုင်ပေါင်း 1.5 သန်းလောက်သာ ဝေးတာကြောင့် ဂြိုလ်မျက်နှာပြင်ဟာ အလွန်ပူပြင်းပါတယ်။ "မျက်နှာပြင် အပူချိန်ဟာ ကျောက်တုံး‌တွေနဲ့ သတ္တုတွေရဲ့ အရည်ပျော်မှတ်ထက် အဆပေါင်းများစွာ မြင့်မားနေတာကြောင့် ဂြိုလ်ရဲ့ နေ့ဘက်ခြမ်းဟာ ချော်ရည်တွေနဲ့ သမုဒ္ဒရာတွေထဲ ဖုံးလွှမ်းနေတယ်လို့ ယူဆရပါတယ်" ဟု NASA က ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/5f/5ff936cc8344700672b82d75eac5bb7a82d58dab.jpg

ကမ္ဘာကသာ နေနဲ့ အများကြီး ပိုနီးကပ်ခဲ့မယ်လို့ စိတ်ကူးကြည့်ပါ။ နီးကပ်လွန်းတော့ ဒီဆွဲငင်အားက ကမ္ဘာကိုရပ်တန့်နေစေပြီး တဖက်က နေ့ခင်းဘက်မှာ အမြဲတမ်း ပိတ်လှောင်နေပြီး နောက်တစ်ဖက်က အဆုံးမဲ့ အမှောင်ထဲမှာ ကျန်‌နေခဲ့ပါမယ်။ ပြီးတော့ သမုဒ္ဒရာတွေ ဆူပွက်လာပြီး ကျောက်တုံးတွေ အရည်ပျော်လာကာ တိမ်တွေက ချော်ရည်တွေအဖြစ် ရွာချလာပါမယ်" လို့ NASA ကပြောပြပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/06/06d7959f0c780cab470363e416efe8e2a5494341.jpg

"အခြေအနေကတော့ မျက်နှာပြင်က အပူတက်လာပြီး အရည်ပျော်ကာ နေ့ဘက်မှာ အငွေ့ပျံသွားပြီး အလွန်ပါးလွှာသောလေထုတစ်ခု ဖြစ်လာကာ ညနေခင်းမှာအခိုးအငွေ့တွေက အေးမြပြီး မျက်နှာပြင်ပေါ်ကို ချော်ရည်အစက်လေးတွေအဖြစ်ရွာချပြီး ညမိုးချုပ်တာနဲ့ တစ်ဖန်ပြန်အခဲပြန်ဖြစ်သွားပါတယ်" လို့ရှင်းပြထားပါတယ်။ James Webb အာကာသကြည့်မှန်ပြောင်းဟာ လာမယ့် ရက်သတ္တပတ်များအတွင်း အပြည့်အဝလည်ပတ်နိုင်မည်ဟု မျှော်လင့်ရပြီး ၎င်း၏ ပထမဆုံးသော စူးစမ်းလေ့လာမှုများကို နွေရာသီတွင် မျှော်မှန်းထားကြောင်း NASA က ပြောကြားခဲ့ပါတယ်။