ပေါက်ကွဲမှု တစ်လကျော်ကြာသွားခဲ့ပေမယ့် (၁)နာရီလျှင် မီတာ (၂၀၀) အမြန်နှုန်းဖြင့် ချော်ရေများ စီးဆင်းနေတဲ့ စပိန်နိုင်ငံက La Palma မီးတောင်ရဲ့ တုန်လှုပ်စရာ ရုပ်သံ

//s9.kh1.co/39/394684164a0e6010079b435854679ae164e8b360.jpg
နေ့စဉ်သတင်းများ

 ၁၆-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

စက်တင်ဘာလ (၁၉) ရက်နေ့ကတည်းက စတင်ပေါက်ကွဲခဲ့တဲ့ စပိန်နိုင်ငံ Canary ကျွန်းပေါ်က La Palma မီးတောင်ကြီးကတော့ တစ်လကျော်ကြာသွားပေမယ့်လည်း လက်ရှိအချိန်ထိ ချော်ရည်ပူတွေ စီးကျနေတုန်းပဲဖြစ်ပါတယ်။ အဆိုပါ မီးတောင်ပေါက်ကွဲမှုဟာ ၂၀၀၀ ခုနှစ်ကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ပေမယ့် ယခုတစ်ခါပေါက်ကွဲမှုကတော့ အဆိုးအရွားဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

မီးတောင်ကနေစီးကျလာတဲ့ ချော်ရေထုဟာ (၁၀) မီတာမှ (၁၂) မီတာအထိရှိပြီး La Palma ကျွန်းပေါ်ရှိ ကျေးရွာ (၄) ရွာက လူနေ အဆောက်အဦးအများအပြား ပျက်စီးသွားခဲ့ရသလို ထောင်နဲ့ချီတဲ့ ပြည်သူတွေကိုလည်း အာဏာပိုင်တွေက ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ လက်ရှိအချိန်ထိ ချော်ရေများက အပေါက် (၉) ပေါက်ကနေ (၁)နာရီလျှင် မီတာ (၂၀၀) အမြန်နှုန်းဖြင့် ပင်လယ်အတွင်း စီးဆင်းနေတုန်း ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

La Palma မီးတောင်ပေါက်ကွဲမှုကို (၂၄) ရက်မှ (၈၄ )အထိ ကြာရှည်နိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ "Laavic Channel " ရဲ့ ဖော်ပြလာတဲ့ ရုပ်သံဖိုင်တွေအရ မီးတောင်အတွင်းက စီးဆင်းလာတဲ့ ချော်ရေများဟာ မြစ်ကြီးသဖွယ်ဖြစ်ကာ အရှိန်ပြင်းပြင်း စီးဆင်းနေတာ တွေ့ရပါတယ်။ La Palma ကျွန်းတစ်ကျွန်းလုံး နီရဲတောက်နေတဲ့အထိ ဝါးမြိုထားတဲ့ ချော်ရေတွေရဲ့ မြင်ကွင်းကတော့ တကယ့်ကို တုန်လှုပ်စရာဖြစ်ရပါတယ်။

သတင်း အရင်းအမြစ်Source - Laavic Channel

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T