ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ် တစ်နေရာမှာရှိတဲ့ ဆင်ရေတွင်းမှတ်တိုင်အကြောင်း စိတ်ဝင်စားဖွယ်ပြောပြလာတဲ့ လူငယ်တစ်ဦး

//s9.kh1.co/58/582f1ffa7609236bb84637c63b3ec7f58569bd2a.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ် တစ်နေရာမှာရှိတဲ့ ဆင်ရေတွင်းမှတ်တိုင်အကြောင်း စိတ်ဝင်စားဖွယ်ပြောပြလာတဲ့ လူငယ်တစ်ဦး

ကမာရွတ်မြို့နယ်ဟာ ရှေးမွန်ဘုရင်များလက်ထက်အခါက ဒဂုန်မြို့နယ် လက်အောက်မှာရှိတဲ့ ကျေးရွာကြီးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ်အထိ ကျေးရွာကြီးတစ်ရွာအဖြစ်ဆက်ရှိခဲ့ပြီး အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲကာလအတွင်းကလည်း ကမာရွတ်ခံတပ်တိုက်ပွဲ ပေါ်ပေါက်လာခဲ့ဖူးပါတယ်။

ကမာရွတ်မြို့နယ်က က္မာရတ်ဟူတဲ့ မွန်ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပြီး မွန်ဘာသာအရ က္မာ - ရေလှောင်ကန် ၊ ရတ် - ရတနာ စကားလုံးနှစ်လုံးပေါင်းစပ် အဓိပ္ပါယ် ရတာနာကန်ဟု အဓိပ္ပါယ်ရကြောင်းသိရပါတယ်။ အင်းလျားကန်ကို ဆိုလိုခြင်းဖြစ်ပြီး အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်ဟုခေါ်ဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/3e/3e478cc7ac1587b2c1996a31ae47733c78181dac.jpg

အခုကမာရွတ်မြို့နယ်ထဲက ဆင်ရေတွင်းမှတ်တိုင်ဟာလည်း လူတော်တော်များများ မသိကြသေးတဲ့ လျို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ ဆင်ရေတွင်းမှတ်တိုင်ကနေ အတွင်းထဲကိုဝင်ပြီးဆက်သွားလိုက်ရင် လမ်းသွယ် (၂) လမ်းထဲမှာ ဆင်ရုပ်လေးနဲ့ ရေတွင်းလေးတစ်ခုရှိနေပါတယ်။ ဆင်ရုပ်ရေတွင်းကို အမှီပြုပြီး ဆင်ရေတွင်းမှတ်တိုင်လို့ ခေါ်ဝေါ်ထားတာဖြစ်တယ်လို့ လေ့လာတွေ့ရှိထားသူ လူငယ်ရဲ့ ပြောဆိုချက်အရသိရပါတယ်။

Credit to Original Uploader 
Credit to Original Uploader 

ဆင်ရုပ်လေးရဲ့အောက်မှာ ရေတွင်းငယ်လေးရှိနေပြီးသောက်ရေအတွက် အသုံးပြုကြတယ်လို့ သိရပြီး ဆင်ရုပ်ဘေးမှာတော့ သုံးရေအတွက်ရေတွင်းကြီး ရှိနေပါတယ်။ ဘယ်တော့မှမခမ်းခြောက်တဲ့ ရေတွင်းဖြစ်ပြီး ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက အနီးနားစပ်ကရွာတွေအားထား အသုံးပြုခဲ့ကြတဲ့ ရေတွင်းဖြစ်တယ်လို့ သိရပါတယ်။ 

ကမာရွတ်မြို့နယ်ကလည်း အင်းလျားကန်နဲ့ စပ်ဆက်မှုရှိနေတယ်ဆိုတော့ ဒီဆင်ရေတွင်းကလည်း အောက်ခြေမှာ အင်းလျားကန်ရေကြောနဲ့ ချိတ်ဆက်မိနေတာလား ။ ဒါမှမဟုတ် အခြားရေကြော တစ်ခုခုရှိ နေတာလားဆိုတာကိုတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T