ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပေမယ့် နာတာရှည်ကျောက်ကပ်ရောဂါကြောင့် အခက်အခဲဖြစ်နေပြီး အကူအညီတောင်းခံလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/87/8786930477f6bec1f9d9dae899dcfaebe6c17f0b.jpg
နေ့စဉ်သတင်းများ

 ၁၅-အောက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၂ နှစ် က

ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပေမယ့် နာတာရှည်ကျောက်ကပ်ရောဂါကြောင့် အခက်အခဲဖြစ်နေပြီး အကူအညီတောင်းခံလာတဲ့ ပြည်သူတစ်ဦး

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မောင်ဝင်းလှိုင်ဆိုသည့် လူငယ်လေးသည် ဘွဲ့ရပညာတတ်လေးတစ်ယောက်ဖြစ်ပါလျှက် လွန်ခဲ့တဲ့ ၁ နှစ်ကဖြစ်ခဲ့တဲ့ သွေးတိုးရောဂါကြောင့် လက်ရှိမှာ ကျောက်ကပ်ရောဂါခံစားနေရပါတယ်။ ညီအစ်ကိုမောင်နှမ အားကိုးစရာမရှိတာရယ်၊ ခေတ်ကာလ အခြေအနေမကောင်းတာရယ်ကြောင်း အမြဲတမ်းလိုလို ကျောက်ကပ်ဆေးဖို့ လိုအပ်နေတဲ့ မောင်ဝင်းလှိုင်အတွက် အခက်အခဲတော်တော်လေးဖြစ်နေပါတယ်။

Facebook
Facebook

လက်ရှိမှာ ရောဂါအခြေအနေက ပိုပိုဆိုးရွားလာပြီး ငွေကြေးအခက်အခဲလည်းတော်တော်ဖြစ်နေတာကြောင့် စေတနာရှင် အလှူရှင်များအနေနဲ့ မောင်းဝင်းလှိုင်နေထိုင်တဲ့ လိပ်စာဆီကို တိုက်ရိုက်တော်လည်းကောင်း ၊ Wave Money / Kpay ဖုန်းနံပါတ်ဖြင့် ၅၀၀ ၊ ၁၀၀၀ တော်လည်းကောင်း စေတနာရှိသလောက် အလှူငွေလေး ကူညီပေးနိုင်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးမှာ ရေးတင်ထားပါတယ်။

Facebook
Facebook
Facebook
Facebook
Facebook
Facebook

မောင်ဝင်းလှိုင်နေထိုင်တဲ့ လိပ်စာက အမှတ်၈၆ ၊ သုခလမ်းသွယ် ၊ ရွာမအနောက်၊ အင်းစိန်မြို့နယ်မှာ ဖြစ်ပြီး Wave Money /Kpay ဖြင့်အလှူငွေထည့်နိုင်သည့် ဖုန်းနံပါတ်က 09451256530 ဖြစ်တယ်လို့လည်းသိရပါတယ်။ ဝေဒနာခံစားနေရသူနဲ့တိုက်ရိုက်ဆက်သွယ်ပြီး  လှူဒါန်းနိုင် ရန်အတွက် မောင်ဝင်းလှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။  

Facebook
Facebook
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T