ဧဝရက်တောင်ထိပ်ပေါ်က မြင်ကွင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်တဲ့ လူတစ်ဦး

//s9.kh1.co/1d/1d6530c7b59d0857a116c200ac389cf7e7ace922.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဧဝရက်တောင်ထိပ်ပေါ်က မြင်ကွင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်တဲ့ လူတစ်ဦး

ကမ္ဘာ့အမြင့်ဆုံးရေခဲတောင်ကြီးဖြစ်တဲ့ ဧဝရက်တောင်ဟာဆိုရင် လူတိုင်းရောက်နိုင်ဖို့ ခဲယဉ်းတဲ့နေရာတစ်ခုပါ။ ဧဝရက်တောင်ထိပ်ကို ရောက်အောင်တတ်နိုင်ဖို့ဆိုတာလည်း ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီဗီဒီယို ထဲက လူကတော့ အခြားသူတွေ အိမ်မှာနေရင်း ဧဝရက်တောင်ထိပ်က မြင်ကွင်းတွေကို ကြည့်နိုင်ဖို့အတွက် သူကိုယ်တိုင် ဧဝရက်တောင်ထိပ်ထိတတ်ပြီး ဗီဒီယိုတစ်ခုရိုက်ပြခဲ့ပါတယ်။

Google
Google

ဗီဒီယိုကို GoPro ကင်မရာနဲ့ရိုက်ခဲ့တာဖြစ်ပြီး ဧဝရက်တောင်ကြီးရဲ့ ထိပ်ဆုံးနေရာကနေ နှင်းတွေဖုံးနေတဲ့ နေရာတွေကို ရိုက်ကူးပြခဲ့တာပါ။ အရမ်းကို အန္တရာယ်များပြီး တစ်ချက်လေးမှားသွားတာနဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်တာကြောင့် ကြည့်ရှုသူတွေအတွက် တန်ဖိုးထားကြည့်ပေးဖို့ ထိုက်တန်တဲ့ မြင်ကွင်းတစ်ခုပါ။ ဧဝရက်တောင်ထိပ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်သွားလို့ရပါတယ်။

Youtube

ဗီဒီယိုလေးကို ကြည့်ရှုသူ ၃ သောင်းကျော်သွားပြီး ဗီဒီယိုထဲက မြင်ကွင်းတွေက Netizen တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားတဲ့အထိကို အံ့သြသွားစေပါတယ်။ လူအများစုကလည်း သူ့လိုမျိုး တောင်ထိပ်ထိရောက်အောင် တတ်ချင်နေကြကြောင်း မှတ်ချက်တွေရေးထားကြပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T